{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589963959749","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589963948721","source":"other","origin":"unknown"}

မွေးနေ့လေးမှာ ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ် ဆယ်သိန်း လှူဒါန်းခဲ့တဲ့ x box

Posted on

ချစ်ပရိသတ်ကြီးရေ… လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပြီးတော့ သူများနဲ့မတူတဲ့ သီဆိုဟန်တွေ သံစဉ်တွေ စာသားတွေနဲ့ ပရိသတ်တွေရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ ဆယ်ကျော်သက်Rapperလေးကတော့ X Boxပဲဖြစ်ပါတယ်နော်။ ရုပ်ရည်ချောမော ပြေပြစ်ပြီး အမိုက်စားဖက်ရှင်လေးတွေ ဝတ်ဆင်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်နေရတာပါ။ 

သူ့ရဲ့သီချင်းတွေတိုင်းဟာ အမြဲထူးခြားနေပြီး အသစ်အဆန်းတွေကိုဖန်တီးနိုင်တဲ့အတွက် အနုပညာလောကမှာ နေရာတစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ X Boxဟာ ကုသိုလ်ရေးမှာလည်း လက်မနှေးပဲ အလှူအတန်းတွေကိုလည်း မကြာခဏလုပ်တတ်သူလည်းဖြစ်ပါတယ်။ 

သူရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်ပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာလည်း သူရဲ့မွေးနေ့လေးမှာ ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ် ဆယ်သိန်းလှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အဆိုတော် x box ရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါအုံးနော်။ 

Alexus – Cele Zone

Photo – X Boxin’s

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – X Boxin’s