ထပ်ခါထပ်ခါကြည့်ချင်ပြီး ကြည့်မိတိုင်းလည်း ရယ်နေရမယ့် ကျော်ကျော့်ရဲ့ Tik Tok ဗီဒီယို
Posted on
လတ်တလောခေတ်စားနေတဲ့ Tik Tok ချဲလန့်တစ်ခုဖြစ်တဲ့ မျက်မှန်ကို နှဖူးပေါ်တင်ထားရာက ကွက်တိဖြစ်အောင် ခေါင်းကိုငိုက်ချပြီး က ရတဲ့ ချဲလန့်ကို ကျော်ကျော်တစ်ယောက် အဆန်းအပြားဖြစ်အောင် လုပ်လိုက်ပြန်ပါပြီပရိသတ်ကြီးရေ။ အမြဲလိုလို ဟာသတွေပြောပြီး ရယ်မောပျော်ရွှင်ရအောင်လုပ်တတ်သူမို့ ဒီတစ်ခေါက်လုပ်ပုံကလည်း မရယ်ဘဲကို မနေနိုင်ပါဘူး။
သူများတွေက မျက်မှန်တွေဦးထုပ်တွေနဲ့ အမိုက်စားလုပ်ပေမယ့် ကျော်ကျော်ကတော့ မျက်မှန်အစား အမျိုးသမီးဘော်လီတစ်ထည်ကို ခေါင်းမှာစည်းပြီး ငိုက်စိုက်ချလိုက်တဲ့ပုံစံနဲ့ အခွီလုပ်ထားတာဖြစ်ပါတယ်။ ဘော်လီက မျက်လုံးမှာကွက်တိဝင်သွားတဲ့အချိန်မှာ Batman နဲ့တောင် ခပ်ဆင်ဆင်တူနေပါသေးတယ်။
သူမရဲ့ဟာသ Tik Tok လေးကို ” ကျနော်လဲ တစ်တော့ ဆော့တက်ပါတယ် ” ဆိုပြီး ခပ်နောက်နောက်လေး တင်ထားတာပဲဖြစ်ပါတယ်။ တကယ့်ကိုဟာသဉာဏ်ရွှင်ပြီး အားလုံးရယ်မောပျော်ရွှင်ရအောင်ဖန်တီးပေးတတ်တဲ့ အနုပညာသမားစစ်စစ်ပါပဲ။
Happy – Cele Zone
Photo – Kyaw Naing Oo
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Kyaw Naing Oo