ထင်မှတ်မထားတဲ့ပျော်စရာတွေချည်းဆက်တိုက်ကြုံခဲ့ရတဲ့ နိုင်းဝမ်းရဲ့ မွေးနေ့ပွဲလေး

Posted on

အသက်တစ်ပိုကြီးသွားခဲ့ပြီဖြစ်တဲ့ နိုင်းဝမ်းရဲ့မွေးနေ့ပွဲလေးမှာ သူကိုယ်တိုင်မထင်ထားတဲ့ ပျော်စရာအမှတ်တရလေးတွေနဲ့ ကြည်ကြည် နူးနူးပြီးဆုံးခဲ့ပါတယ်။ ချစ်သူလေးနဲ့လည်း အဆင်ပြေပြီး နှစ်ယောက်တစ်ဘဝထူထောင်ဖို့အတွက်လည်း အသင့်ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်မွေးနေ့လေးကတော့ တခြားနှစ်တွေနဲ့မတူဘဲ ပိုပြီးပျော်စရာကောင်းတာတော့ အမှန်ပါပဲ။

မွေးနေ့အမှတ်တရအဖြစ်နဲ့ တောင်ကြီးမြို့နယ်က ဘုရားငါးဆူကျောင်းတိုက်တစ်ခုမှာ သွပ်မိုးရန်အတွက် ငွေကျပ် (၉) သိန်းကို မိဘနှစ်ပါး ကို အမှုးထားပြီး လှူတန်းခဲ့ပါသေးတယ်။ သူငယ်ချင်းတွေကလည်း နိုင်းဝမ်းမသိအောင်မွေးနေ့ပွဲလေးစီစဉ်ပေးပြီး ချစ်သူလေးကိုယ်တိုင် ဖုတ်ထားတဲ့ မွေးနေ့ကိတ်လေးနဲ့ဆိုတော့ ပြီးပြည့်စုံတဲ့ပွဲလေးဖြစ်သွားတာပေါ့နော်။

 

ကြည်နူးစရာတွေကို ” ပျော်စရာအရမ်းကောင်းတဲ့ မွေးနေ့လေးပိုင်ဆိုင်ခဲ့ရပါတယ် မွေးနေ့တိုင်း အချစ်ဆုံးလေးနဲ့ ခရီးထွက်ရမှကျေနပ် တတ်တဲ့ကျွန်တော့အတွက် အဝေးကြီးမဟုတ်တောင် ခရီးလဲအတူထွက်ခဲ့ရတယ် ချစ်သူငယ်ချင်းတွေ ဒိုင်လျှိုစီစဉ်ပေးထားတဲ့မွေးနေ့ ပွဲလေးပိုင်ဆိုင် ခဲ့ရတယ် လှူချင်တာလေးတွေလဲ လှူတန်းခဲ့ရတယ် အပျော်ဆုံးကတော့ဗျာ ဘဝမှာ ထူးထူးခြားခြား သဲသဲလေးကိုယ်တိုင် စေတနာပါပါနဲ့ဖုတ်ပေးထားတဲ့ Birthday Cheese Cake လေးခွဲပြီးစားခဲ့ရတာပဲ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

Happy – Cele Zone
Photo – Kyaw Zin Latt

(ဇော်ဂျီဖြင့်ဖတ်ရန်)

ထင္မွတ္မထားတဲ့ေပ်ာ္စရာေတြခ်ည္းဆက္တိုက္ႀကဳံခဲ့ရတဲ့ ႏိုင္းဝမ္းရဲ႕ ေမြးေန႔ပြဲေလး

အသက္တစ္ပိုၾကီးသြားခဲ့ျပီျဖစ္တဲ့ ႏိုင္းဝမ္းရဲ႕ေမြးေန႔ပြဲေလးမွာ သူကိုယ္တိုင္မထင္ထားတဲ့ ေပ်ာ္စရာအမွတ္တရေလးေတြနဲ႔ ၾကည္ၾကည္ႏူးႏူးျပီးဆံုးခဲ့ပါတယ္။ ခ်စ္သူေလးနဲ႔လည္း အဆင္ေျပျပီး ႏွစ္ေယာက္တစ္ဘဝထူေထာင္ဖို႔အတြက္လည္း အသင့္ျဖစ္ေနခဲ့ပါတယ္။ ဒီႏွစ္ေမြးေန႔ေလးကေတာ့ တျခားႏွစ္ေတြနဲ႔မတူဘဲ ပိုျပီးေပ်ာ္စရာေကာင္းတာေတာ့ အမွန္ပါပဲ။

ေမြးေန႔အမွတ္တရအျဖစ္နဲ႔ ေတာင္ၾကီးျမိဳ႕နယ္က ဘုရားငါးဆူေက်ာင္းတိုက္တစ္ခုမွာ သြပ္မိုးရန္အတြက္ ေငြက်ပ္ (၉) သိန္းကို မိဘႏွစ္ပါးကို အမႈးထားျပီး လွဴတန္းခဲ့ပါေသးတယ္။ သူငယ္ခ်င္းေတြကလည္း ႏိုင္းဝမ္းမသိေအာင္ေမြးေန႔ပြဲေလး စီစဥ္ေပးျပီး ခ်စ္သူေလးကိုယ္တိုင္ ဖုတ္ထားတဲ့ ေမြးေန႔ကိတ္ေလးနဲ႔ဆိုေတာ့ ျပီးျပည့္စံုတဲ့ပြဲေလးျဖစ္သြားတာေပါ့ ေနာ္။

ၾကည္ႏူးစရာေတြကို ” ေပ်ာ္စရာအရမ္းေကာင္းတဲ့ ေမြးေန႔ေလးပိုင္ဆိုင္ခဲ့ရပါတယ္ ေမြးေန႔တိုင္း အခ်စ္ဆုံးေလးနဲ႔ ခရီးထြက္ရမွေက်နပ္တတ္တဲ့ကြၽန္ေတာ့အတြက္ အေဝးႀကီးမဟုတ္ေတာင္ ခရီးလဲအတူထြက္ခဲ့ရတယ္ ခ်စ္သူငယ္ခ်င္းေတြ ဒိုင္လွ်ိဳစီစဥ္ ေပးထားတဲ့ေမြးေန႔ပြဲေလးပိုင္ဆိုင္ ခဲ့ရတယ္ လႉခ်င္တာေလးေတြလဲ လွဴတန္းခဲ့ရတယ္ အေပ်ာ္ဆုံးကေတာ့ဗ်ာ ဘဝမွာ ထူးထူး ျခားျခား သဲသဲေလးကိုယ္တိုင္ ေစတနာပါပါနဲ႔ဖုတ္ေပးထားတဲ့ Birthday Cheese Cake ေလးခြဲၿပီးစားခဲ့ရတာပဲ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Kyaw Zin Latt