အမေစုရဲ့ Mask ချုပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ပြီးနောက် ဂျပန်သတင်းဌာနတစ်ခုမှာ ဖော်ပြခံနေရပြီဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ လက်ရာဆန်း

Posted on

နာမည်ကျော်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးဟာ ရတနာတွေစီချယ်ထားတဲ့ ဝတ်စုံတွေကို ချုပ်လုပ်တတ်သူမို့ သူ့ရဲ့လက်ရာက တော့ ပြောစရာမလိုအောင် ပြည့်စုံမယ်ဆိုတာ အားလုံးအသိ ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံရဲ့ Mask ချုပ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေအများအပြားရှိခဲ့ပြီး ဒီထဲမှာမှ အဆင်ပြေဆုံးဖြစ်မယ့် လက်ရာတွေကိုပြန်လည်ရွေးထုတ်တဲ့ အထဲမှာ ဒီဇိုင်နာမျိုးမင်းစိုးလည်း ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ Mask ကတော့ ကြာချည်မျှင်နဲ့ အောက်ကသဘာဝဆိုးဆေးဆိုးထားတဲ့ ချည်သား စစ်စစ်ခံပြီးချုပ်ထားတဲ့ Mask လေးပဲဖြစ်ပါ တယ်။ ပူလွန်းတဲ့ရာသီဥတုနဲ့တော့ အံကိုက်ပဲမို့ Mask အုပ်ပြီးချွေးထွက်မနေတော့ အချိန်ပြည့်တပ်ထားလို့ရပြီး ရောဂါကိုလည်း ကာကွယ်ပြီးသားဖြစ်သွားစေပါတယ်။

ဒီလို Mask လေးနဲ့ ပြိုင်ပွဲဝင်ပြီးနောက်မှာတော့ သမ္မတရုံးကဆက်သွယ်လာခဲ့တဲ့အပေါ်မှာ ဒီဇိုင်နာကြီးက သူ့ရဲ့ခံစားချက်တွေကို ” ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတရုံးမှ အကြောင်းကြား စာ ဒီတခါရင်ခုန်သံမြန်ချက်ကတော့ မပြောပြတတ်အောင်ပါပဲ ” ဆိုပြီး လူမှု ကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံက သတင်းဌာနတစ်ခုမှာလည်း ဖော်ပြခံရတာမို့ အတိုင်းမသိ ဝမ်းသာနေခဲ့ပါတယ်။ ဆုရပါစေ ဒီဇိုင်နာကြီးရေ။

 

Happy – Cele Zone
Photo – Myo Min Soe

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမစုရဲ႕ Mask ခ်ဳပ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ၿပီးေနာက္ ဂ်ပန္သတင္းဌာနတစ္ခုမွာ ေဖာ္ျပခံေနရၿပီျဖစ္တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးရဲ႕ လက္ရာဆန္း

နာမည္ေက်ာ္ဒီဇိုင္နာတစ္ဦးျဖစ္တဲ့ ဒီဇိုင္နာမ်ိဳးမင္းစိုးဟာ ရတနာေတြစီခ်ယ္ထားတဲ့ ဝတ္စုံေတြကို ခ်ဳပ္လုပ္တတ္သူမို႔ သူ႔ရဲ႕လက္ရာကေတာ့ ေျပာစရာမလိုေအာင္ ျပည့္စုံမယ္ဆိုတာ အားလုံးအသိ ပါပဲ။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ Mask ခ်ဳပ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြအမ်ားအျပားရွိခဲ့ၿပီး ဒီထဲမွာမွ အဆင္ေျပဆုံးျဖစ္မယ့္ လက္ရာေတြကိုျပန္လည္ေ႐ြးထုတ္တဲ့ အထဲမွာ ဒီဇိုင္နာမ်ိဳးမင္းစိုးလည္း ပါဝင္ခဲ့ပါတယ္။

သူ႔ရဲ႕ Mask ကေတာ့ ၾကာခ်ည္မွ်င္နဲ႔ ေအာက္ကသဘာဝဆိုးေဆးဆိုးထားတဲ့ ခ်ည္သား စစ္စစ္ခံၿပီးခ်ဳပ္ထားတဲ့ Mask ေလးပဲျဖစ္ပါတယ္။ ပူလြန္းတဲ့ရာသီဥတုနဲ႔ေတာ့ အံကိုက္ပဲမို႔ Mask အုပ္ၿပီးေခြၽးထြက္မေနေတာ့ အခ်ိန္ျပည့္တပ္ထားလို႔ရၿပီး ေရာဂါကိုလည္း ကာကြယ္ၿပီးသားျဖစ္သြားေစပါတယ္။

ဒီလို Mask ေလးနဲ႔ ၿပိဳင္ပြဲဝင္ၿပီးေနာက္မွာေတာ့ သမၼတ႐ုံးကဆက္သြယ္လာခဲ့တဲ့အေပၚမွာ ဒီဇိုင္နာႀကီးက သူ႔ရဲ႕ခံစားခ်က္ေတြကို ” ျပည္ေထာင္စုျမန္မာႏိုင္ငံသမၼတ႐ုံးမွ အေၾကာင္းၾကား စာ ဒီတခါရင္ခုန္သံျမန္ခ်က္ကေတာ့ မေျပာျပတတ္ေအာင္ပါပဲ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္ႏိုင္္ငံက သတင္းဌာနတစ္ခုမွာလည္း ေဖာ္ျပခံရတာမို႔ အတိုင္းမသိ ဝမ္းသာေနခဲ့ ပါတယ္။ ဆုရပါေစ ဒီဇိုင္နာၾကီးေရ။

Happy – Cele Zone
Photo – Myo Min Soe