ဆေးမဖြန်းဘဲ ကိုယ်တိုင်စိုက်ထားတဲ့ ခြံထွက်သီးနှံတွေကိုခူးပြီး ပျော်နေတဲ့ ပိုပို
Posted on
တစ်ရက်ပျော်ချင်အရက်သောက် တစ်နှစ်ပျော်ချင် အိမ်ထောင်ပြု တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါဆိုတဲ့စကားလေးကို ပိုပိုက တော့ လက်တွေ့ကျင့်သုံးလိုက်ပါပြီ။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေဟာ အကောင်းမွန်ဆုံးကြီးပျင်းလာပြီး ကိုယ့်လက်နဲ့ ပြုစုထား တဲ့ သန့်ရှင်းတဲ့ သီးနှံတွေကို စိတ်ချလက်ချစားသုံးတာဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်သလို စိတ်လဲပျော်ရွှင်ရပါတယ်။
ပိုပိုကတော့ အလုပ်အားတဲ့အချိန်တိုင်း အဒေါ်ဖြစ်သူရဲ့ခြံထဲမှာရော ကိုယ့်အိမ်မှာရော သီးပင် စားပင်လေးတွေ စိုက်ပျိုးတတ်ပါတယ်။ ဒီနေ့မှာတော့ သူမ စိုက်ထားတဲ့ အပင်လေးတွေကနေ စားသုံးလို့အသင့်ဖြစ်နေပြီဖြစ်တဲ့ အသီးအရွက်တွေကိုခူးပြီး လတ်လတ် ဆတ်ဆတ် ချက်ပြုတ်စားသောက်ပြီး ပျော်ရွှင်နေခဲ့ပါတယ်။
ကိုယ့်လက်နဲ့ပျိုးခဲ့တဲ့အသီးအပွင့်တွေကို ကိုယ်တိုင်ခူးစားရတဲ့ခံစားချက်လေးကို ” မိုးအေးအေးနဲ့ ဆေးမဖြန်းတဲ့ ကန်စွန်းရွက် နုနုလေး တွေကိုခူး ကန်စွန်းရွက်ပူပူလေးနဲ့ ငပိရည်နဲ့ လွေး အပင်တွေ စိုက်ရတာ အရမ်းစိတ်ချမ်းသာပါတယ် ကိုယ်တိုင်စိုက် ကိုယ်တိုင်စား ” ဆိုပြီး သူမရဲ့ သီးပင်စားပင် ပုံရိပ်လေးတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Happy – Cele Zone
Photo – Po Po
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Po Po