{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589880830867","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589880808431","source":"other","origin":"unknown"}

နွယ်ဒါလီထွန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ အရမ်းဖိုင်းတဲ့ မမ သီချင်းဗီဒီယိုလေးတင်လိုက်တဲ့ ပိုင်တံခွန်

Posted on

ချစ်ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာပါ အကြီးအကျယ်အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ မျက်နှာပွင့်တဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး Body တောင့်တဲ့ပိုင်တံခွန်က မိန်းကလေးတွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။


ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တတ်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ နွယ်ဒါလီထွန်းနဲ့ အတူ သရုပ်ဆောင်ထားတဲ့ “အရမ်းဖိုင်းတဲ့ မမ ” ဆိုတဲ့ သီချင်းဗီဒီယိုအမိုက်စားလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံး ချစ်ဖို့ကောင်းကာ သီချင်းလေးကလည်း နားထောင်လို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ပိုင်တံခွန်နဲ့ နွယ်ဒါလီထွန်းရဲ့ သီချင်းဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Paing Takhon & Nwe Darli Htun 

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone
