နေတိုးနဲ့အတူ ရင်တွေခုန်ပြီး ရိုက်ကူးခဲ့ရတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို ဝေမျှလိုက်တဲ့ ခြူးလေး

Posted on

ပြီးခဲ့တဲ့ လပိုင်းလောက်တုန်းက နေတိုးနဲ့ ခြူးလေးတို့နှစ်ယောက်အတူရိုက်ကူးခဲ့တဲ့ ကြော်ငြာလေးဟာ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။ နှစ်ယောက်သား အတွဲညီညီ ကကွက်လေးတွေနဲ့ ကြည့်ရှုသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့တာတော့ အသေအချာပါပဲ။

ဒီကြော်ငြာလေးရိုက်ကူးခဲ့စဉ်က ခြူးလေးတစ်ယောက် ကိုနေတိုးကြီးနဲ့အတူ ရိုက်ရတာမို့ ရင်တွေတုန်ပြီး လွဲချော်မှုလေးတွေဖြစ်တိုင်း ရယ်မောရတာတော့ အမှတ်တရပါပဲ။ ဒီနေ့မှာတော့ ဒီကြော်ငြာလေးရဲ့ နောက်ကွယ်က Behind the Scene ဗီဒီယိုလေးကို ခြူးလေးက သူမရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

အလွဲပေါင်းများစွာနဲ့ ကြိုးစားခဲ့ရတဲ့ ရလာဒ်လေးဟာ ပရိသတ်တွေအကြိုက်တွေ့ခဲ့တာမို့ ဖန်တီးသူတွေရော အတူပူးပေါင်းပြီးကြိုးစားသူ တွေရော အားလုံးအမောပြေခဲ့ကြပါတယ်။ ချစ်စရာ ရိုက်ကွင်းနောက်ကွယ်က အလွဲဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်။

Happy – Cele Zone
Photo – Chue Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Chue Lay