{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589873205488","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589873187147","source":"other","origin":"unknown"}

လိုအပ်နေတဲ့သူတွေကို ငွေသားများလှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေး

Posted on

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားလေးကလည်း နူးညံ့ဖြူစင်သူလေး ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ အနုပညာလောကမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရပြီ ဖြစ်ပါတယ် ။ မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြားပိုမိုအောင်မြင်လာတာလည်း ဖြစ်ပါတယ် ။

သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏဆိုသလို လိုအပ်သူတွေကို တတ်နိုင်သလောက် လှူဒါန်းလေ့ရှိသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း လိုအပ်သူတွေကို ငွေသားနဲ့ အစားသောက်များ တတ်နိုင်သလောက် လှူဒါန်းခဲ့ပုံလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို လေးစားအားကျမိတာအမှန်ပဲဖြစ်ပါတယ်။

ဟာသဗီဒီယိုလေးတွေလည်း တင်ကာ ပျော်ပျော်နေတတ်သူလေးဖြစ်တာကြောင့် သူမရဲ့ အပျော်တွေကလည်း ပရိသတ်တွေကိုကူးစက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အလှူ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့်အနုပညာအလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Phyu Phyu Htwe 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Phyu Phyu Htwe