သားလေး Eric ရဲ့ လေးနှစ်ပြည့်မွေးနေ့မှာ သားမိနှစ်ယောက်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ဝေမျှခဲ့တဲ့ မယ်လိုဒီခေါင်

Posted on

Single Mother အဖြစ်နဲ့ ဘဝကိုအကောင်းမွန်ဆုံးနေထိုင်တဲ့ မယ်လိုဒီခေါင်တစ်ယောက် သားလေးရဲ့ အသက် (၄) နှစ်ပြည့်မွေးနေ့မှာ ရင်ထဲက ခံစားချက်တွေကို ” Happy 4th Birthday Eric (နှလုံးသားထဲကရေးသားသည်) မေလ ၁၉ရက် ည (၈:၁၂) မိနစ် လွန်ခဲ့တဲ့ (၄) နှစ် ၂၀၁၆ မိုးရာသီပေါ့ အမှတ်တရဆို သားသားမွေးတဲ့နေ့ရန်ကုန်မှာမိုး စ ရွာခဲ့တာ မယ်လိုဒီခေါင်ဆိုတာ ယောင်လည်လည်နဲ့ မျှော်လင့် ချက်တွေမဲ့နေခဲ့တဲ့ ပူပူနွေးနွေးမိခင်တစ်ယောက်ပေါ့ မှတ်မှတ်ရရ ကိုယ်ဝန်လွယ်စဉ် (၂) ခါချော်လဲတယ် တစ်ခါကရေချိူးခန်းမှာ နောက် တစ်ခါက မြန်မာပလာဇာ ဓာတ်လှေကားထဲမှာ တစ်ကိုယ်လုံးနာကျင်နေပေမဲ့ ကလေးများတစ်ခုခုဖြစ်ပြီလားဆိုပြီး ကျွန်မကိုယ်ကျွန်မ ထက် ကလေးကိုစိတ်ပူခဲ့မိတယ် ဒါပေမဲ့ Eric လေးက အမေကိုအရမ်းချစ် ရှာတယ် မမွေးခင်ဗိုက်ထဲမှာကတည်းက ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် နောက်ဆုံးဖျက်ချဖို့ တွေးခဲ့တာတောင် နှလုံးသားထဲကနေသူတံခါးခေါက်ခဲ့တယ် “အမေရယ်မလုပ်ပါနဲ့” “အမေနဲ့ ရှိချင်တယ်” ဆိုတဲ့သတိပေးသံတွေပေါ့ ”

” အချိန်တွေရယ်မြန်ဆန်လွန်းတယ် (၄) နှစ်တောင်ရှိခဲ့ပြီ (၄) နှစ်အတွင်းမှာ သူ့အပေါ်တာဝန် မကျေခဲ့တာတွေရှိခဲ့တယ် သူလိုချင်သမျှကို လဲဖြည့်ဆည်းပေးချင်တာပေါ့ မိခင်တစ်ယောက် ပဲလေ ဒါပေမဲ့ အခြေအနေတိုင်းကို အရွယ်နဲ့မလိုက်အောင်နားလည်ပေးတယ် အမေဖြစ်သူ ကျွန်မ သူ့ထက်စိတ်ပျော့ပြီးမရင့်ကျက်သေးဘူး သူဟာကလေးတစ်ယောက်ဆိုပေမယ့် သူ့ရဲ့ အားပေးနှစ်သိမ့်မှုတွေဟာ အားအင်တွေဖြစ်ခဲ့ပြီး ကျွန်မဘဝအတွက်သင်ယူစရာတွေဖြစ်ခဲ့ တယ် တစ်ခါတလေထူးဆန်းတဲ့အရာတွေကြုံရတယ် စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာ ကြုံရပြီ ဆိုလဲ ပုခုံးလေးကိုဖက်ပြီးမငိုပါနဲ့ဆိုပြီးနှစ်သိမ့်ပေးတယ် ဟာသလားလို့ထင်ရတဲ့အရာတွေလဲ ကြုံရတယ် အမေကယောကျာ်းမယူဘူးနော် သားသားအတွက်အမြဲရှိပေးမယ်ပြောရင်မရဘူးနော် အမေကအချိန်တန်ရင် အိမ်ထောင်ပြုရမယ်တဲ့ တစ်ခါတလေဆရာကြီးလေးပေါ့ ”

” ကျောင်းြကိုတိုင်း သူ့အတန်းဖော်တစ်ချိူ့က မိဘစုံလင်လာကြိုကြတယ် ဒါပေမဲ့ ကျွန်မ အမေဖြစ်သူတစ်ယောက်တည်းက သူ့ကို ကျောင်းကြိုရင်လဲ သူ့အတွက်လုံလောက်ခဲ့တယ် သူဘာမှမမေးခဲ့ဘူး Single Mom life ကထင်သလောက်မလွယ်ကူလှပါဘူး ဒါပေမဲ့ Eric လေး ရေ အမေအတက်နိုင်ဆုံးအကောင်းဆုံးသားအတွက်ြကိုးစားသွားမှာပါ ကျွန်မကြိုးစားခဲ့တဲ့ အရာတွေကလဲ သူ့အတွက်ပါပဲ သူ့အတွက်ကျွန်မဘယ်လောက်ရုန်းကန်ကြိုးစားခဲ့ရတာကို တစ်နေ့သူကြီးလာရင်နားလည်ပါစေ သိပါစေလို့ဆုတောင်းပါတယ် အသက် ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်ကာ အမေနဲ့အဖိုးအဖွားတွေအပေါ်သိတက်တဲ့သူလေးဖြစ်ပေးပါ အမေအရမ်းချစ်တယ် ဆက်ပြီးတော့ ရှေ့ဆက်ဘဝမှာလဲသားအတွက်မျက်နှာငယ်ပြီးအရှက်ရစရာမဟုတ်ဘဲ ရိုးသားကြိုးစားကြံ့ခိုင်တဲ့မိခင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ ” ဆိုပြီး မွေးနေ့ဆုတောင်းစကားလေးပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Melody Grace Khoung

(ဇော်ဂျီဖြင့်ဖတ်ရန်)


Single Mother အဖြစ်နဲ့ ဘဝကိုအကောင်းမွန်ဆုံးနေထိုင်တဲ့ မယ်လိုဒီခေါင်တစ်ယောက် သားလေးရဲ့ အသက် (၄) နှစ်ပြည့် မွေးနေ့မှာ ရင်ထဲက ခံစားချက်တွေကို ” Happy 4th Birthday Eric (နှလုံးသားထဲကရေးသားသည်) မေလ ၁၉ရက် ည (၈:၁၂) မိနစ် လွန်ခဲ့တဲ့ (၄) နှစ် ၂၀၁၆ မိုးရာသီပေါ့ အမှတ်တရဆို သားသားမွေးတဲ့နေ့ရန်ကုန်မှာမိုး စ ရွာခဲ့တာ မယ်လိုဒီခေါင်ဆိုတာ ယောင်လည်လည် နဲ့မျှော်လင့်ချက်တွေမဲ့နေခဲ့တဲ့ ပူပူနွေးနွေးမိခင်တစ်ယောက်ပေါ့ မှတ်မှတ်ရရ ကိုယ်ဝန်လွယ်စဉ် (၂) ခါချော်လဲတယ် တစ်ခါကရေချိုးခန်း မှာ နောက်တစ်ခါက မြန်မာပလာဇာ ဓာတ်လှေကားထဲမှာ တစ်ကိုယ်လုံးနာကျင်နေပေမဲ့ ကလေးများတစ်ခုခုဖြစ်ပြီလားဆိုပြီး ကျွန်မကို ယ်ကျွန်မထက် ကလေးကိုစိတ်ပူခဲ့မိတယ် ဒါပေမဲ့ Eric လေးက အမေကိုအရမ်းချစ် ရှာတယ် မမွေးခင်ဗိုက်ထဲမှာကတည်းက ဘယ်လိုအေ ခြအနေပဲဖြစ်ဖြစ် နောက်ဆုံးဖျက်ချဖို့ တွေးခဲ့တာတောင် နှလုံးသားထဲကနေသူတံခါးခေါက်ခဲ့တယ် “အမေရယ်မလုပ်ပါနဲ့” “အမေနဲ့ ရှိချင်တယ်”ဆိုတဲ့သတိပေးသံတွေပေါ့ ”


” ကျောင်းကြိုတိုင်း သူ့အတန်းဖော်တစ်ချို့က မိဘစုံလင်လာကြိုကြတယ် ဒါပေမဲ့ ကျွန်မ အမေဖြစ်သူတစ်ယောက်တည်းက သူ့ကိုကျောင်းကြိုရင်လဲ သူ့အတွက်လုံလောက်ခဲ့တယ် သူဘာမှမမေးခဲ့ဘူး Single Mom life ကထင်သလောက်မလွယ်ကူလှပါဘူး ဒါပေမဲ့ Eric လေး ရေ အမေအတက်နိုင်ဆုံးအကောင်းဆုံးသားအတွက်ကြိုးစားသွားမှာပါ ကျွန်မကြိုးစားခဲ့တဲ့ အရာတွေ ကလဲသူ့အတွက်ပါပဲ သူ့အတွက်ကျွန်မဘယ်လောက်ရုန်းကန်ကြိုးစားခဲ့ရတာကို တစ်နေ့သူကြီးလာရင်နားလည်ပါစေ သိပါစေ လို့ဆုတောင်းပါတယ် အသက်ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်ကာ အမေနဲ့အဖိုးအဖွားတွေအပေါ်သိတက်တဲ့ သူလေး ဖြစ်ပေးပါ အမေအရမ်း ချစ်တယ် ဆက်ပြီးတော့ရှေ့ဆက်ဘဝမှာလဲသားအတွက်မျက်နှာငယ်ပြီးအရှက်ရစရာမဟုတ်ဘဲ ရိုးသားကြိုး စားကြံ့ခိုင်တဲ့မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသွားမှာပါ ” ဆိုပြီး မွေးနေ့ဆုတောင်းစကားလေးပြောခဲ့ပါ တယ်။

Happy – Cele Zone