{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589863750780","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589863732211","source":"other","origin":"unknown"}

ချစ်သမီးလေးနဲ့အတူရိုက်ထားတဲ့ အမှတ်တရပုံလေးတွေ တင်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

Posted on

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ လူသိများအောင်မြင်ခဲ့ပြီး ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေလည်း အများဆုံးရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေနဲ့အတူ သရုပ်ဆောင်လည်းကောင်းတဲ့ သဉ္ဇာနွယ်ဝင်းက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းက သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ထားရပြီး ကလေးနှစ်ယောက်မိခင်ဖြစ်နေပြီ ဖြစ်ပါတယ်။

သူမက သားငယ်လေးနဲ့ သမီးလေးရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီ အမြဲဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။Peach လေးရဲ့ အသည်းစဖွယ်အမူအရာတွေနဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက ကြွေနေရတာဖြစ်ပြီး အမာခံပရိသတ်တွေအထိတောင် ရရှိခဲ့တာ လည်းဖြစ်ပါတယ်။သူမဟာ အနုပညာလောကမှအပြီးအနားယူကာ ကလေးတွေကို အချိန်ပြည့်ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

သဉ္ဇာကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သမီးလေးနဲ့အတူ ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတိုင်းမှာ သားအမိနှစ်ယောက်လုံး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Thinzar Nwe Win 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Thinzar Nwe Win