မျက်မှန်အောက်ချတဲ့ အမိုက်စားချဲလန့်ကို သူများနဲ့မတူအောင် တမူထူးခြားပြီး ကစားပြလိုက်တဲ့ စံထိပ်ထားဦး

Posted on

Tik Tok ဆော့တဲ့နေရာမှာ ကျွမ်းကျင်နေပြီဖြစ်တဲ့ ထိပ်ထိပ်တစ်ယောက် ဒီနေ့မှာတော့ အားလုံး လိုလို ကစားနေကြတဲ့ မျက်မှန်အောက် ချတဲ့ ချဲလန့်လေးကို သူများတွေနဲ့မတူအောင် ဦးထုပ်ကို ပါးစပ်နဲ့ကိုက်ပြီး အချိန်ကိုက် ခေါင်းပေါ်တင်ဆောင်းပြတဲ့ပုံစံလေးကိုပါ ထပ်လုပ်ပြခဲ့ပါသေး တယ်။ ချစ်စရာဆယ်ကျော်သက်လေးရဲ့ လှုပ်ရှားမှုလေးက တကယ်ကိုအမိုက်စားပါပဲ။

မိခင်ဖြစ်သူရဲ့အနုပညာသွေးကတော့ ထိပ်ထိပ်ကလေးမှာ အပြည့်ပါပဲ။ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ဖူးပေမယ့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့တော့ မခိုင်လေးက ခွင့်မပြုသေးပါဘူး။ ကြော်ငြာရိုက်တာတောင် နေပူထဲမှာ အရမ်းကိုပင်ပန်းခဲ့တော့ ရုပ်ရှင်တွေရိုက်ပြီး သူမကို ပြုစုပျိုးထောင်ခဲ့တဲ့ မိခင်ကို ပိုပြီးကျေးဇူးတင်တဲ့အကြောင်း ထိပ်လေးက သူမရဲ့ လူမှုကွန်ရက်မှာ ရင်ဖွင့်ခဲ့ဖူးပါတယ်။

ုရုပ်ရှင်တွေမရိုက်ရပေမယ့် Tik Tok မှာတော့ ထိပ်ထိပ်တစ်ယောက် အပီအပြင်ကို သီချင်းတွေနဲ့ ကခုန်နေခဲ့တာပါ။ ဒီနေ့မှာလည်း မျက်မှန်အောက်ချတဲ့အပြင် ဦးထုပ်ကိုပါ ကိုက်လျက်သားနဲ့ ခေါင်းပေါ်တင်ပြခဲ့တဲ့ အလန်းစား Tik Tok ချဲလန့်ဗီဒီယိုလေးက မခိုင်လေးက သူမရဲ့ လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Khine Thin Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khine Thin Kyi