မိတ်ကပ်မာမီအောင်ဆုံးပါးစဉ်က ကြုံတွေ့ခဲ့ရတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေကို ပြောပြခဲ့တဲ့ ညီညီမောင်

Posted on

သူမရဲ့သင်ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ မိတ်ကပ်အောင်အောင် (တောင်ကြီး) နဲ့ ပတ်သက်ပြီး ရင်တွင်းခံစားချက်တစ်ချို့ကို ” 2.9.2010 မိုးပြိုကျခဲ့ပြီ မာမီအောင်ကျန်းမာရေးမကောင်းတာ တော့ သိတယ်ပေါ့နော် အဆုပ်ထဲရေဝင်တာ ပြန်ထုတ်လိုက်ကောင်းသွားပြီပေါ့ အဲ့နေ့က အာရှတော်ဝင်မှာ ဆေးရုံလာတက်ပါတယ် ကိုယ်တွေလဲ အိမ်နဲ့ နီးတော့ မနက် (၁၀.၃၀) ကျော်ကျော်လောက်ရောက်သွား တာပေါ့ အဲ့ချိန် အမေ့ကိုတင်ထားတဲ့ အခန်းထဲ ဆရာဝန်တွေ ဆရာမတွေ ယောက်ယက်ခတ်နေပြီ ဘာဖြစ်တာလဲပေါ့ အခန်းဝက ကြည့် တော့ အခြေနေ မကောင်းတော့ဘူး အသက်လုနေရပြီ အဆုတ်ထဲထည့်ဖို ပြွန်လည်းအရောက် ဆရာဝန်က အခန်းထဲယူလာ အသက် လည်းထွက် ငြင်သာလွန်းလှပါတယ် မည်သူ့ကိုမှ ဒုက္ခမပေးဘဲ လူ့လောက က ထွက်သွားပါပြီ သတင်းကြားတော့ ရောက်လာကြတဲ့ သူတွေက ဖြူဖြူကျော်သိန်း သက်မွန် ရောက်လာကြပြီး စိတ်မကောင်းဖြစ်ကြ သက်မွန်ဆို အမေရယ် ဆိုပြီးငိုတာ ရင်ထဲကိုမချိပါဘူး တပည့်တွေလဲ ငိုကြပေါ့နော် အဲ့ချိန်ဆိုင်မှာ ပစ္စည်းအချို့ ယူသွားတဲ့သူတွေလည်းရှိခဲ့ပါတယ် ”

 

” တပည့်အရင်းတွေကတော့ ကြံ့ကြံ့ခံ ကျန်ခဲ့တဲ့ ငွေသား လက်ဝတ်ရတနာ အိမ်စာချုပ်တွေက စ မာမီမိတ်ကပ်အောင်အောင် အမေကို ရက်လည်နေ့မှာ အပ်လိုက်ပါတယ် သစ္စာရှိခြင်း ရိုသေခြင်း ချစ်ခင်ခြင်းတရားတွေ တပည့်တွေ အမေ ပိုင်ဆိုင်ခဲ့ပါတယ် နာရေး ကို (၃) ရက်ထားပြီး အသုဘချပါတယ် တစ်ဦးကျေးဇူးတစ်ဦးမှာဆိုသလို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာလိုက်ပါ ပို့ဆောင်ကြပါတယ် တပည့် သားသမီး မိတ်ဆွေများနဲ့ ခန်းမတစ်ခုလုံး ပြည့်လျံှနေတာပါပဲ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှူအသင်းနဲ့ အသုဘချတာပါ ကိုလူချောတို့အဖွဲ့ ရုပ်ရှင် အဖွဲ့သားများကလည်း ကူညီကြပါတယ် လူချစ်လူခင်ပေါများပြီး လူတကာကူညီတက်တဲ့ မာမီအောင် အသုဘ မှာစည်ကားလှပြီး တပည့်သားသမီးများမှာ ရုပ်ကလာပ်ကြည့်ဖို့မနည်းတိုး ရပါတယ် အမေ့ရုပ်ကလာပ်ကလည်း ရေခဲတိုက်ကချတဲ့ အချိန်ထိ ပြုံးပြီး အိပ်နေသလိုလေးပါပဲ သေပန်းပွင့်တယ်ပြောရမလား လူချစ်လူခင်ပေါတဲ့ အမေ့ကြောင့်မစည်ကားသင်တဲ့နေရာ စည်ကားခဲ့ပါတယ် ”

 

” အမေဆုံးတာ (၁၀) စုနှစ်တစ်စု ပြည့်တော့မယ်ဆိုပေမဲ့ နှစ်ပြည့်တိုင်း သံဃာ (၅) ပါးဆွမ်းကပ် အလှူလုပ်ပါတယ် လတိုင်း အမေဆုံးတဲ့ ၂ ရက်နေ့ဆို ဆွမ်းချိုင့်ပို့ပါတယ် ယခုချိန်ထိတိုင်ပါပဲ အမေရောက်ရာဘုံဘဝက သာဓုခေါ်ဆိုနိုင်ပါစေနော် ကျမပြောချင်တာကတော့ ဆရာဆိုတာ လည်း အနန္တဂိုဏ်းဝင်ကျေးဇူးရှင် သက်ရှိဘုရားပါ ကျမတို့မှာ ခုချိန်ကျေးဇူးဆပ်ချင်လဲ ကျွေးမွေးလဲ စားရမစားရမသိပါ လှူတဲ့ ရည်းစူးအလှူ ရလားမရလားမသိပါ သင်တို့ သက်ရှိ ဘုရား ဆရာတွေ သက်ရှိထင်ရှားရှိသေးရင် ပြုစုပါ ကျွေးမွေးပါ ကျေးဇူးဆပ် ကြပါလို့ ပြောချင်ပါတယ် ချစ်ခြင်းများစွာဖြင့် သုသု ” ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)


သူမရဲ့သင်ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ မိတ်ကပ်အောင်အောင် (တောင်ကြီး) နဲ့ ပတ်သက်ပြီး ရင်တွင်းခံစားချက်တစ်ချို့ကို ” 2.9.2010 မိုးပြိုကျခဲ့ပြီ မာမီအောင်ကျန်းမာရေးမကောင်းတာ တော့ သိတယ်ပေါ့နော် အဆုပ်ထဲရေဝင်တာ ပြန်ထုတ်လိုက်ကောင်း သွာြး ပီပေါ့ အဲ့နေ့က အာရှတော်ဝင်မှာ ဆေးရုံလာတက်ပါတယ် ကိုယ်တွေလဲ အိမ်နဲ့ နီးတော့ မနက် (၁၀.၃၀) ကျော်ကျော် လောက်ရောက်သွားတာပေါ့ အဲ့ချိန် အမေ့ကိုတင်ထားတဲ့ အခန်းထဲ ဆရာဝန်တွေ ဆရာမတွေ ယောက်ယက်ခတ်နေပြီ ဘာဖြစ်တာလဲ ပေါ့ အခန်းဝက ကြည့်တော့ အခြေနေ မကောင်းတော့ဘူး အသက်လုနေရပြီ အဆုတ်ထဲထည့်ဖို ပြွန်လည်းအရောက် ဆရာဝန်က အခန်းထဲယူလာ အသက်လည်းထွက် ငြင်သာလွန်းလှပါတယ် မည်သူ့ကိုမှ ဒုက္ခမပေးဘဲ လူ့လောက က ထွက်သွားပါပြီ သတင်းကြားတော့ ရောက်လာကြတဲ့ သူတွေက ဖြူဖြူကျော်သိန်း သက်မွန် ရောက်လာကြပြီး စိတ်မကောင်းဖြစ်ကြ သက်မွန်ဆို အမေရယ် ဆိုပြီးငိုတာ ရင်ထဲကိုမချိပါဘူး တပည့်တွေလဲ ငိုကြပေါ့နော် အဲ့ချိန်ဆိုင်မှာ ပစ္စည်းအချို့ ယူသွားတဲ့သူတွေ လည်းရှိခဲ့ပါတယ် ”

” တပည့်အရင်းတွေကတော့ ကြံ့ကြံ့ခံ ကျန်ခဲ့တဲ့ ငွေသား လက်ဝတ်ရတနာ အိမ်စာချုပ်တွေက စ မာမီမိတ်ကပ်အောင်အောင် အမေကို ရက်လည်နေ့မှာ အပ်လိုက်ပါတယ် သစ္စာရှိခြင်း ရိုသေခြင်း ချစ်ခင်ခြင်းတရားတွေ တပည့်တွေ အမေ ပိုင်ဆိုင်ခဲ့ပါတယ် နာရေး ကို (၃) ရက်ထားပြီး အသုဘချပါတယ် တစ်ဦးကျေးဇူးတစ်ဦးမှာဆိုသလို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာလိုက်ပါ ပို့ဆောင်ကြပါ တယ် တပည့်သားသမီး မိတ်ဆွေများနဲ့ ခန်းမတစ်ခုလုံး ပြည့်လျှံနေတာပါပဲ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှူအသင်းနဲ့ အသုဘချတာပါ ကိုလူချောတို့အဖွဲ့ ရုပ်ရှင် အဖွဲ့သားများကလည်း ကူညီကြပါတယ် လူချစ်လူခင်ပေါများပြီး လူတကာကူညီ တက်တဲ့ မာမီအောင် အသုဘမှာစည်ကားလှပြီး တပည့်သားသမီးများမှာ ရုပ်ကလာပ်ကြည့်ဖို့မနည်းတိုး ရပါတယ် အမေ့ရုပ်ကလာပ်ကလည်း ရေခဲတိုက်ကချတဲ့အချိန်ထိ ပြုံးပြီး အိပ်နေသလိုလေးပါပဲ သေပန်းပွင့်တယ်ပြောရမလား လူချစ်လူခင်ပေါတဲ့ အမေ့ကြောင့်မ စည်ကားသင်တဲ့နေရာ စည်ကားခဲ့ပါတယ် ”


Happy – Cele Zone
Photo – Nyi Nyi Maung