နွမ်းပါးလူကြမ်းသရုပ်ဆောင်တွေကို ငွေကြေးနဲ့ အစားအသောက်တွေ သွားရောက်လှူတန်းခဲ့ကြ တဲ့ ဝေဠုကျော်နဲ့ နေထူးနိုင်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ပရဟိတအနုပညာရှင်ဝေဠုကျော်တစ်ယောက် နေထူးနိုင်ကို လူကြမ်းသရုပ်ဆောင်တွေကို ကူညီဖို့ အတွက် ချဲလန့်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နှစ်ယောက်အတူ လှိုင်သာယာမြို့နယ်မှာရှိတဲ့ နွမ်းပါးလူကြမ်းသရုပ်ဆောင်တွေကို လိုအပ်တာတွေ လှူတန်းခဲ့ပါတယ်။

 

ကိုယ့်အနုပညာအသိုင်းအဝိုင်းချင်းဆိုတော့လည်း အခုလိုခက်ခဲနေတဲ့အချိန်တွေမှာ တတ်နိုင်သလောက် ကူညီတာလည်း ကြည်နူးစရာ ပါပဲ။ ခက်ခဲနေတဲ့ကာလတွေမှာ လုပ်ငန်း အားလုံးလိုလို ရပ်ဆိုင်းလိုက်ရတာမို့ အလုပ်သမားတွေအတွက်လည်း စားဝတ်နေရေး ခက်ခဲ နေကြပါတယ်။ အခုလိုကူညီတာလည်း တကယ်ကိုကောင်းမွန်တဲ့အလှူတစ်ခုပါ။

 

အလှူပုံရိပ်လေးတွေကို ” ယနေ့ လူကြမ်းသရုပ်ဆောင်များ(Stunt men)အား ကူညီထောက်ပံ့ရေး အစီအစဉ်အရ လှိုင်သာယာမြို့နယ်နေ လူကြမ်းသရုပ်ဆောင်များအား စတင်ထောက်ပံ့ကူညီ။ လူကြမ်း သရုပ်ဆောင် တစ်ဦးကို ငွေ (၃) သောင်းကျပ် ဆန် (၁၀) ပြည် ဆီ (၅၀) သား ကြက်သွန် (၁) ပိသာ ကြက်ဥ (၁၀) လုံး အာလူး (၁) ပိသာ ရှပ်အကျီ်အသစ် (၁) ထည် စီ ထောက်ပံ့။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Wai Lu Kyaw Foundation

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႏြမ္းပါးလူၾကမ္းသ႐ုပ္ေဆာင္ေတြကို ေငြေၾကးနဲ႔ အစားအေသာက္ေတြ သြားေရာက္လႉတန္းခဲ့ၾက တဲ့ ေဝဠဳေက်ာ္နဲ႔ ေနထူးႏိုင္

ျပီးခဲ့တဲ့ရက္ပိုင္းေလာက္ကတည္းက ပရဟိတအႏုပညာရွင္ေဝဠဳေက်ာ္တစ္ေယာက္ ေနထူးႏိုင္ကို လူၾကမ္းသရုပ္ေဆာင္ ေတြကို ကူညီဖို႔အတြက္ ခ်ဲလန္႔လုပ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ႏွစ္ေယာက္အတူ လႈိင္သာယာျမိဳ႕နယ္မွာရွိတဲ့ ႏြမ္းပါးလူၾကမ္းသရုပ္ေဆာင္ေတြကို လိုအပ္တာေတြ လွူတန္းခဲ့ပါတယ္။

ကိုယ့္အႏုပညာအသိုင္းအဝိုင္းခ်င္းဆိုေတာ့လည္း အခုလိုခက္ခဲေနတဲ့အခ်ိန္ေတြမွာ တတ္ႏိုင္သေလာက္ ကူညီတာလည္း ၾကည္ႏူးစရာပါပဲ။ ခက္ခဲေနတဲ့ကာလေတြမွာ လုပ္ငန္း အားလံုးလိုလို ရပ္ဆိုင္းလိုက္ရတာမို႔ အလုပ္သမားေတြအတြက္လည္း စားဝတ္ေနေရး ခက္ခဲေနၾကပါတယ္။ အခုလိုကူညီတာလည္း တကယ္ကိုေကာင္းမြန္တဲ့အလွဴတစ္ခုပါ။

အလႉပုံရိပ္ေလးေတြကို ” ယေန႔ လူၾကမ္းသ႐ုပ္ေဆာင္မ်ား(Stunt men)အား ကူညီေထာက္ပံ့ေရး အစီအစဥ္အရ လႈိင္သာယာ ၿမိဳ႕နယ္ေန လူၾကမ္းသ႐ုပ္ေဆာင္မ်ားအား စတင္ေထာက္ပံ့ကူညီ။ လူၾကမ္း သ႐ုပ္ေဆာင္ တစ္ဦးကို ေငြ (၃) ေသာင္း က်ပ္ ဆန္ (၁၀) ျပည္ ဆီ (၅၀) သား ၾကက္သြန္ (၁) ပိသာ ၾကက္ဥ (၁၀) လုံး အာလူး (၁) ပိသာ ရွပ္အက်ီ္အသစ္ (၁) ထည္စီ ေထာက္ပံ့။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Wai Lu Kyaw Foundation