အတူတူမဆုံဖြစ်တာကြာပေမယ့် ရွှေမှုန်ရတီရဲ့မွေးနေ့မှာ ရှိခဲ့ဖူးတဲ့အမှတ်တရတွေကို ထုတ်ပြောခဲ့တဲ့ ဇေရဲထက်

Posted on

အနုပညာအလုပ်တွေကို အတူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဇေရဲထက်နဲ့ ရွှေမှုန်ရတီ တို့ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီပြီး အရမ်းကိုခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြဖူးပါတယ်။ ခက်ခဲမှုတွေကြားက အတူတူကြိုးစားရုန်းကန်ခဲ့ကြပြီး အောင်မြင်မှုကိုယ်စီ ရခဲ့ကြသူတွေပါ။ ဒီနေ့မှာလည်း ရွှေမှုန်ရဲ့မွေးနေ့လေးကို ဆုတောင်းစကားပြောခဲ့ပါသေးတယ်။

နှစ်ယောက်သား FB မှာ ဖရန့်တွေမဟုတ်တော့တဲ့အကြောင်းကို ” အကို့အတုတွေများတော့ အတုတွေထင်ပြီးလက်မခံလောက်ဘူး သူ့ဖုန်းနံပါတ်လည်းမသိတော့လို့ပါ အကောင့်ဟောင်းထဲ ပါသွားလို့ပါ ဒါကအသစ်မို့ပါ ” ဆိုပြီး ဇေရဲထက်က ဖြေရှင်းခဲ့ပါသေးတယ်။ တစ်ခါသူငယ်ချင်းဖြစ်ဖူးရင် တစ်သက်လုံးသူငယ်ချင်းပဲမို့ FB ပေါ်မှာ Fri မဖြစ်လဲ သူငယ်ချင်းက သူငယ်ချင်းပါပဲနော်။

ရွှေမှုန်ရဲ့မွေးနေ့လေးကို ” သူငယ်ချင်းရေ ဟိုးအရင်တုန်းက အခုချိန်ဆိုငါတို့တွေ ပက်ပက် စက်စက် အလုပ်တွေကြိုးစားပြီး နေရာတစ်ခု ရအောင်ကြိုးစားခဲ့ရသလို အခြောက်ကားရိုက်ရင် နင်မဝတ်ရသေးတဲ့ တံဆိပ်တောင်မဖြုတ်ရသေးတဲ့အင်္ကျီတွေကိုတောင် ယူဝတ်ဖို့ ပြောတာ မမေ့ ပါဘူး ငါအရမ်းအဆင်မပြေတာနင်တွေ့သိခွင့်ရတော့ စေတနာ မေတ္တာထားခဲ့တယ် နင့်ရဲ့စေတနာကို ငါအရမ်းလေးစား တယ် ငါ့ကိုစာနာပေးခဲ့နားလည်ပေးခဲ့တယ် ချစ်သူငယ်ချင်းလေး အခုလိုပုံတွေ တစ်နှစ်တစ်ခါ ပေါ်ပေါ်လာလို့သူများလာပြရင် ငါတို့တွေ အရမ်းကြိုးစားခဲ့ရတာကို ပြန်မြင်ယောင်မိပါတယ် Happy Birthday ချစ်သူငယ်ချင်း ငါနောက်ကျသွားတယ် နင်နဲ့ငါ့ fb friend တွေ မဟုတ်တော့ပေမယ့် ငါတို့တွေပုံတွေဇာတ်ကားတွေ တက်လာတိုင်း သတိရတယ် ချစ်သူငယ်ချင်းရေ ဒီထက်မကအောင်မြင်ပါစေ နှစ်ယောက်လုံး ကိုရွှေထူးရော ” ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Zay Ye Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Zay Ye Htet