{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589784207264","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589784188055","source":"other","origin":"unknown"}

ကြည့်မိသူတိုင်းအူတက်ရယ်ရလောက်အောင် မီတာခသွားဆောင်ပုံလေးကို အခွီပုံစံလေးရိုက်ထားတဲ့ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေး

Posted on

မြန်မာ့အနုပညာလောကမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်ဒါရိုက်တာကြီးကိုပေါက်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ရှေးဝါရင့် သရုပ်ဆောင်ကြီးများစွာနှင့်အတူ ပူးပေါင်းသရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့ အပြင် လက်ရှိနာမည်ကြီး ဒါရိုက်တာကြီးတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေအခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။  

ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကလည်း ဖခင်ရဲ့ အနုပညာသွေးပါတဲ့ သားလိမ္မာလေးတွေပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာလည်း ပိုမိုအောင်မြင်တဲ့ ဒါရိုက်တာနဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ 

ကိုပေါက်ကတော့ အခုဆိုရင် ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန် ဟာသဗီဒီယိုလေးတွေ မျိုးစုံရိုက်ကာဖေ့ဘွတ်အကောင့်မှာဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ သူရဲ့ ဟာသဗီဒီယိုတိုင်းကလည်း အွန်လိုင်းမှာရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း မီတာခသွားဆောင်ပုံလေးကို အခွီပုံစံလေးရိုက်ကာဖော်ပြထားကာ အူတက်အောင်ရယ်နေရတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ 

Alexus – Cele Zone

Photo – Aung Min Naing 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Aung Min Naing