ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ နာကြည်းမှုတွေကို တစ်ခုချင်းရင်ဖွင့်ခဲ့တဲ့ ဇာဇာထက်

Posted on

ကြေကွဲစရာအဆုံးသတ်တွေနဲ့ ဇာတ်သိမ်းခဲ့ရတဲ့ သူမတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ရင်တွင်း ခံစားချက်တွေကို ဇာဇာထက်က လူမှုကွန်ရက်မှာ ရင်ဖွင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက် ကလည်း ချစ်သူဟောင်းနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေက မခံမရပ်နိုင် ဖြစ်ကာ သူမဖက်က ရပ်တည်ပေးကြတဲ့အကြောင်းကိုလည်း ရေးသားခဲ့ပါသေးတယ်။

ငါးနှစ်နီးပါးလက်တွဲလာခဲ့တဲ့ သံယောဇဉ်ဟာ နည်းနည်းနောနောထုထည်တစ်ခုတော့ မဟုတ်လောက်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာခဲ့ပြီးမှ ဒီလိုအဆုံးသတ်ရတာ တကယ်ကို ရင်နာစရာပါပဲ။ လူတိုင်းဟာ ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်လက်တွဲချင်ခဲ့တာ ပါပဲ။ အခြေအနေမပေးလို့ ဝေးခဲ့ကြရင်တောင် အမုန်းတွေနဲ့ ဘယ်သူမှအဆုံးမသတ်ချင်ခဲ့ပါဘူး။

 

ဒီနေ့မှာတော့ ဇာဇာက သူမရဲ့ခံစားချက်တစ်ချို့ကို ” ကျေးဇူးတင်ပါတယ် အသက်သိပ်မကြီးတဲ့ အချိန်မှာလက်တွဲဖြုတ်ချခဲ့လို့ ကျေးဇူး တင်ပါတယ် ကလေးတစ်ယောက်နဲ့မထားခဲ့လို့ကျေးဇူးတင်ပါတယ် အရင်လို တစ်ခြားအမျိုးသမီးတွေကို ကျွန်မကပိုင်ရှင်ပါလို့ တိုးလျှိုးခယတောင်းပန်မှုတွေကို ဒီလောက်နဲ့ပဲ ရပ်တန့်စေခဲ့လို့ ကျေးဇူးတင်ပါတယ် ဗိုက်တစ်လုံးပိုက်ပြီး ငိုယိုတောင်းပန်မှုတွေကို ဥပေက္ခာပြုခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ပြသာနာဖြစ်တိုင်း မဆိုင်တဲ့အတိတ်တွေကိုရန်ရှာခံရတဲ့ဘဝမှလွတ်မြောက်စေခဲ့လို့ ကျေးဇူးတင်ပါတယ် အချစ်ကိုဘုရားလိုကိုးကွယ်ပြီး အရာရာသည်းခံခွင့်လွှတ်ပြီးချစ်တတ်တဲ့ကျွန်မကို စိတ်နာစေတတ်လို့ ကျေးဇူး တင်ပါတယ် ကျေးဇူးအတင်ဆုံးကစောစောစီးစီး ကျွန်မဘဝထဲကထွက်သွား ပေးလို့အမြဲကျေးဇူးတင်နေအုံးမှာပါ အဆိုးဆုံးအခြေ အနေတွေထဲကနေ ရုန်းထွက်စေခဲ့ပြီး ဘဝအသစ်ကိုစဖို့အင်အားတွေပေးခဲ့လို့ကျေးဇူးတင်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Zar Zar Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရည္းစားေဟာင္းနဲ႔ပတ္သက္တဲ့ နာၾကည္းမႈေတြကို တစ္ခုခ်င္းရင္ဖြင့္ခဲ့တဲ့ ဇာဇာထက္

ေၾကကြဲစရာအဆုံးသတ္ေတြနဲ႔ ဇာတ္သိမ္းခဲ့ရတဲ့ သူမတို႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ရင္တြင္း ခံစားခ်က္ေတြကို ဇာဇာထက္က လူမႈကြန္ရက္မွာ ရင္ဖြင့္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ ကလည္း ခ်စ္သူေဟာင္းနဲ႔ပတ္သက္ၿပီး သူငယ္ခ်င္းေတြက မခံမရပ္ႏိုင္ ျဖစ္ကာ သူမဖက္က ရပ္တည္ေပးၾကတဲ့အေၾကာင္းကိုလည္း ေရးသားခဲ့ပါေသးတယ္။

ငါးႏွစ္နီးပါးလက္တြဲလာခဲ့တဲ့ သံေယာဇဥ္ဟာ နည္းနည္းေနာေနာထုထည္တစ္ခုေတာ့ မဟုတ္ေလာက္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္ၾကင္နာခဲ့ၿပီးမွ ဒီလိုအဆုံးသတ္ရတာ တကယ္ကို ရင္နာစရာပါပဲ။ လူတိုင္းဟာ ကိုယ္ခ်စ္တဲ့သူနဲ႔ သက္ဆုံးတိုင္လက္တြဲခ်င္ခဲ့တာပါပဲ။ အေျခအေနမေပးလို႔ ေဝးခဲ့ၾကရင္ေတာင္ အမုန္းေတြနဲ႔ ဘယ္သူမွအဆုံးမသတ္ခ်င္ခဲ့ပါဘူး။

ဒီေန႔မွာေတာ့ ဇာဇာက သူမရဲ႕ခံစားခ်က္တစ္ခ်ိဳ႕ကို ” ေက်းဇူးတင္ပါတယ္ အသက္သိပ္မႀကီးတဲ့ အခ်ိန္မွာလက္တြဲျဖဳတ္ခ်ခဲ့လို႔ ေက်းဇူးတင္ပါ တယ္ ကေလးတစ္ေယာက္နဲ႔မထားခဲ့လို႔ေက်းဇူးတင္ပါတယ္ အရင္လို တစ္ျခားအမ်ိဳးသမီးေတြကို ကြၽန္မကပိုင္ရွင္ပါလို႔ တိုးလွ်ိဳးခယ
ေတာင္းပန္မႈေတြကို ဒီေလာက္နဲ႔ပဲ ရပ္တန္႔ေစခဲ့လို႔ ေက်းဇူးတင္ပါတယ္ ဗိုက္တစ္လုံးပိုက္ၿပီး ငိုယိုေတာင္းပန္မႈေတြကို ဥေပကၡာ ျပဳခဲ့တာေတြအတြက္ ေက်းဇူးတင္ပါတယ္ ျပသာနာျဖစ္တိုင္း မဆိုင္တဲ့အတိတ္ေတြကိုရန္ရွာခံရတဲ့ဘဝမွလြတ္ေျမာက္ေစခဲ့လို႔ ေက်းဇူးတင္ပါတယ္ အခ်စ္ကိုဘုရားလိုကိုးကြယ္ၿပီး အရာရာသည္းခံခြင့္လႊတ္ၿပီးခ်စ္တတ္တဲ့ကြၽန္မကို စိတ္နာေစ တတ္လို႔ေက်းဇူးတင္ပါတယ္ ေက်းဇူးအတင္ဆုံးကေစာေစာစီးစီး ကြၽန္မဘဝထဲကထြက္သြား ေပးလို႔အၿမဲေက်းဇူးတင္ေနအုံးမွာပါ အဆိုးဆုံးအေျခအေနေ တြထဲကေန ႐ုန္းထြက္ေစခဲ့ၿပီး ဘဝအသစ္ကိုစဖို႔အင္အားေတြေပးခဲ့လို႔ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Zar Zar Htet