အင်အားတိုးပြီး ငါးယောက်ဖြစ်သွားလို့ ပျော်ရွှင်နေကြတဲ့ အာဇာနည်တို့ မိသားစု

Posted on

ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေးတို့နှစ်ယောက်သားကလည်း ညီမလေးရဲ့ အိမ်ပြန်ခရီးကို ချစ်စရာကောင်းအောင်ကြိုဆိုခဲ့ကြပါတယ်။ ပျော်စရာလေးယောက်ကမ္ဘာလေးမှာ နောက်ထပ် အင်အားလေးတစ်ခုတိုးလာပြီဆိုတော့ အပျော်တွေပိုများသွားပြီပေါ့နော်။ သားလေး နှစ်ယောက် ပိုင်ဆိုင်ခဲ့ပြီးနောက် သမီးရှင်အဖြစ်ရာထူးတိုးသွားတဲ့ အာဇာနည်နဲ့ ဝမ်းတို့နှစ်ယောက်ကတော့ ကြည်နူးမဆုံးပါပဲ။

 

 

သမီးလေးရဲ့အိမ်ပြန်ခရီးဟာ အားလုံးရဲ့အပျော်တွေ မေတ္တာတွေနဲ့ ကြိုဆိုခဲ့တာမို့ အနွေးထွေး ဆုံး ဖြစ်ခဲ့ပါတယ်။ ဖေဖေနဲ့ မေမေရဲ့ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ သာယာတဲ့ မိသားစုဘဝလေးကို လုံခြုံအေးချမ်းမှုတွေနဲ့ ရောက်လာတဲ့ သမီးလေး ဟာ ဖေဖေ မေမေတို့ရဲ့ချစ်ခြင်းမေတ္တာတွေအပြင် အကိုနှစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပျော်ရွှင်လုံခြုံနေတော့မှာပါ။

 

 

သားလေးတွေကို ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်ဆိုပြီး နာမည်ပေးခဲ့တော့ သမီးလေးကို ဘယ်လို နာမည်လေးပေးမလဲဆိုတာ ရင်ခုန်စရာပဲ နော်။ ချစ်စရာသမီးလေးကတော့ အေးချမ်းတဲ့ မိသားစုအရိပ်မှာ အပူပင်ကင်းကင်းနဲ့ အိပ်မောကျနေခဲ့ပြီး ဖေဖေမေမေတို့နဲ့တူတူ ကိုကိုနှစ်ယောက်ကတော့ လာခြင်းကောင်းတဲ့ သမီးလေးကို ချစ်ခင်ကြင်နာဖို့ အသင့်အနေအထားဖြစ်နေခဲ့ပါတယ်။

 

 

Happy – Cele Zone
Photo – Zarni Myo Nyunt

(ဇော်ဂျီဖြင့်ဖတ်ရန်)

အင္အားတိုးျပီး ငါးေယာက္ျဖစ္သြားလို႔ ေပ်ာ္ရႊင္ေနၾကတဲ့ အာဇာနည္တို႔ မိသားစု

ဖစ္ဖစ္တုန္နဲ႔ ခ်စ္ခ်စ္တုန္ေလးတို႔ႏွစ္ေယာက္သားကလည္း ညီမေလးရဲ႕ အိမ္ျပန္ခရီးကို ခ်စ္စရာေကာင္းေအာင္ၾကိဳဆိုခဲ့ၾကပါတယ္။ ေပ်ာ္စရာေလးေယာက္ကမၻာေလးမွာ ေနာက္ထပ္ အင္အားေလးတစ္ခုတိုးလာျပီဆိုေတာ့ အေပ်ာ္ေတြပိုမ်ားသြားျပီေပါ့ ေနာ္။ သားေလးႏွစ္ေယာက္ ပိုင္ဆိုင္ခဲ့ျပီးေနာက္ သမီးရွင္အျဖစ္ရာထူးတိုးသြားတဲ့ အာဇာနည္နဲ႔ ဝမ္းတို႔ႏွစ္ေယာက္ကေတာ့ ၾကည္ႏူးမဆံုးပါပဲ။

သမီးေလးရဲ႕အိမ္ျပန္ခရီးဟာ အားလံုးရဲ႕အေပ်ာ္ေတြ ေမတၱာေတြနဲ႔ ၾကိဳဆိုခဲ့တာမို႔ အေႏြးေထြး ဆံုး ျဖစ္ခဲ့ပါတယ္။ ေဖေဖနဲ႔ ေမေမရဲ႕ အျပန္အလွန္ခ်စ္ျခင္းေမတၱာေတြနဲ႔ လႊမ္းျခံုထားတဲ့ သာယာတဲ့ မိသားစုဘဝေလးကို လံုျခံဳေအး ခ်မ္းမႈေတြနဲ႔ ေရာက္လာတဲ့ သမီးေလးဟာ ေဖေဖ ေမေမတို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြအျပင္ အကိုႏွစ္ေယာက္ရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈေတြနဲ႔ ေပ်ာ္ရႊင္လံုျခံဳေနေတာ့မွာပါ။

သားေလးေတြကို ဖစ္ဖစ္တုန္နဲ႔ ခ်စ္ခ်စ္တုန္ဆိုျပီး နာမည္ေပးခဲ့ေတာ့ သမီးေလးကို ဘယ္လို နာမည္ေလးေပးမလဲဆိုတာ ရင္ခုန္စရာပဲ ေနာ္။ ခ်စ္စရာသမီးေလးကေတာ့ ေအးခ်မ္းတဲ့ မိသားစုအရိပ္မွာ အပူပင္ကင္းကင္းနဲ႔ အိပ္ေမာက်ေနခဲ့ျပီး ေဖေဖေမေမတို႔ နဲ႔တူတူ ကိုကိုႏွစ္ေယာက္ကေတာ့ လာျခင္းေကာင္းတဲ့ သမီးေလးကို ခ်စ္ခင္ၾကင္နာဖို႔ အသင့္အေနအထားျဖစ္ေနခဲ့ပါတယ္။

Happy – Cele Zone
Photo – Zarni Myo Nyunt