ရည်းစားရတော့မယ့် အတိတ်နမိတ်တွေရနေတယ်ဆိုတဲ့ နေဒွေး

Posted on

မေမေချစ်သားလို့ ပရိသတ်တွေသိထားကြတဲ့ သရုပ်ဆောင် မင်းသားချောလေး နေဒွေးကတော့ မိဘကိုသိတတ်တဲ့ သားလိမ္မာ လေးဖြစ်လို့ အလုပ်အကိုင်တွေအဆင်ပြေပြီး ပျော်ရွှင်နေတဲ့မင်းသားချောလေးပါ ။ လတ်တလော စတေးဟုမ်းကာလမှာတော့ ဈေးရောင်းမကောင်းသေးတဲ့ အချိန်ပန်းချီလေးဆွဲနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ် ။

စင်ဂယ်ဘဝနဲ့ အနုပညာအလုပ်တွေ လုပ်ရင်း မေမေ့နားမှာချွဲလို့ကောင်းနေတဲ့ ဂျစ်တူးကတော့ ခုတလော ဈေးဗန်းတွေ အရမ်းကို ခင်းနေပါတယ် ပရိသတ်ကြီးရေ ..။ လတ်တလောမှာလည်း နေတွေပူပြီးမိုးတွေခြိမ်းနေပါလား ဒါရည်းစားရတော့မယ် အတိတ်နမိတ် လားမသိဖူးဈေးဗန်းထပ်ခင်းကြည့်အုံးမှ ဆိုတဲ့စာသားလေးကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်မှာရေးသားထားပါတယ် ။

ပရိသတ်တွေကတော့ အစ်ကိုဂျစ်တူးတစ်ယောက်ဈေးဗန်းတွေ ခင်းပြန်ပြီလား ဆိုတဲ့ စာသားလေးတွေ နဲ့ မှတ်ချက်တွေ ရေးသား ထား ကြပြီး သူ့ကိုစင်ဂယ်ဘဝမှာပဲ ရှိနေစေချင်တဲ့ ပရိသတ်တွေရဲ့ မှတ်ချက်တွေကိုလည်းတွေ့ရပါတယ် ။ Cele Zone ပရိသတ် ကြီးရော.. ဂျစ်တူးကိုရည်းစားရစေချင်ရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Nay Dway
Emily (Cele Zone)