ဖေဖေ မေမေတို့ရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်သွားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ချစ်စရာ သမီးလေး

ပျော်စရာမိသားစုလေးမှာ သမီးလေးတစ်ယောက်တိုးလာပြီဖြစ်လို့ အာဇာနည်နဲ့ ဝမ်းတို့ အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ ချစ်စရာ ကောင်းတဲ့သမီးလေးကလည်း ကျန်းကျန်းမာမာနဲ့ မိသားစုထဲကိုရောက်လာခဲ့ပြီး ဒီနေ့မှာတော့ ဆေးရုံကနေ အိမ်ပြန်နိုင်ခဲ့ပြီပဲဖြစ်ပါ တယ်။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေးတို့ကိုပိုင်ဆိုင်ထားပြီးနောက် သမီးလေးကိုလည်း ထပ်မံပိုင်ဆိုင်ရတော့ ပိုပြီးသာယာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်သွားတာပေါ့နော်။

ချစ်စရာကောင်းတဲ့ညီမလေးကိုရလို့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့နှစ်ယောက်သားလည်း အရမ်းကိုပျော်နေကြပါတယ်။ သားလေး နှစ်ယောက်ပဲမွေးထားတဲ့မိသားစုလေးမှာ သမီးလေးကလည်း တစ်အိမ်လုံးကိုချွဲမယ့် အလည်လေးဖြစ်လာမှာတော့ အသေအချာပဲနော်။ အငယ်ဆုံးသမီးလေးဆိုတော့လည်း အားလုံးကအချစ်ပိုရမယ့် ကလေးလေးပါပဲ။

 

သမီးလေးမွေးဖို့ ကူညီကြတဲ့သူတွေကို အာဇာနည်က ” ဒီနေ့သမီးလေး အိမ်ပြန်ပါမယ် သမီးလေးမမွေးခင်ထဲကနေမွေးပြီးသည်ထိ အစစအရာရာ လိုလေသေးမရှိအောင် စိတ်ရင်း စေတနာမှန်ဖြင့် ကျွန်တော်တို့မိသားစုအပေါ်ချစ်ခင်တဲ့စိတ်နဲ့ ကူညီပေးကြသော မမေသူ Dr May Thu Myo Nyunt,Pros: Mya Mya Ohn ဖွားဖွားအုန်း, Dr Thet Thet Mar နှင့် Grand Hantha International Hospital မှ Dr Khaing Suu Aung , Dr Yi Mon Soe နှင့် GH မှ တာဝန်ကျ Doctor များနှင့် ဆရာဆရာမများ Online မှတဆင့် မေတ္တာပေး ချစ်ခင်ပေးကြ သော အယောက်စီတိုင်း နှင့် သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ” ဆိုပြီး ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

Happy – Cele Zone
Photo – Zarni Myonyunt

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Zarni Myonyunt

error: Content is protected !!