ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်မှာ ရင်ထဲကခံစားချက်တွေ ဖွင့်ဟလာခဲ့တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

Posted on

ချစ်ခဲ့ကြတဲ့ကာလတွေဟာ (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ ထက်ထက်တို့စုံတွဲလေးဟာ ယနေ့ထက်တိုင်အချစ်မပြယ်ဘဲ သံယောဇဉ် တွေ ပိုပြီးခိုင်မာလာခဲ့ပါတယ်။ အချိန်တွေကြာလေ အချစ်တွေပိုလေမို့ နှစ်ယောက်သားရဲ့ကြားမှာရှိတဲ့ မေတ္တာထုထည်ကတော့ တော်တော့်ကို ကြီးမားလွန်းနေခဲ့ပါတယ်။ နှစ်ယောက်အတူ ဂီတလောကထဲ ဝင်လာခဲ့ကြပြီးနောက် အောင်မြင်မှုတွေလည်း ရခဲ့ကြပါ တယ်။

အချိန်တွေကြာကြာ ဂီတအလုပ်တွေလုပ်ခဲ့ပြီးနောက်မှာတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ High Skool ဆိုတဲ့ Fashion ဆိုင်လေးတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလေးလည်း ကောင်းကောင်းမွန်မွန်လည်ပတ်နေခဲ့ပြီး လျှောက်လှမ်းနေတဲ့ ဂီတလမ်းကြောင်းပေါ် မှာလည်း အဆင်ပြေပြေနဲ့ အကောင်းဆုံးသံစဉ်တွေ ထပ်မံဖန်တီးနိုင်ခဲ့ပါတယ်။

ဒီနေ့ဟာ အချစ်ငှက်လေးနှစ်ကောင်ရဲ့ ချစ်သူသက်တမ်း (၁၁) နှစ်ပြည့်မြောက်တဲ့နေ့လေးပါပဲ။ ဒီလိုနေ့မျိုးမှာ နှစ်ယောက်သားရဲ့ ရင်တွင်း ခံစားချက်တွေကို ” I cant even imagine my life without your existence! ” ” The smile on her face that i look everyday and i love it too Will you let me stay for another thousand days just like we used to. ” ဆိုပြီး ကိုယ်စီရင်ဖွင့်ခဲ့ကြပါတယ်။ Happy Anniversary ပါ သက်ဆုံးတိုင်ပျော်ရွှင်မှုတွေနဲ့ ထာဝရလက်တွဲနိုင်ပါစေနော်။

Happy – Cele Zone
Photo – Hlwan Paing / Bobby Soxer

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone