အသက် (၃၀) ပြည့်မွေးနေ့မှာ သီလရှင်ကျောင်းကို နေ့ဆွမ်းကပ်လှူခဲ့တဲ့ ပိုပို

Posted on

Broken Family မှာ ကြီးပျင်းခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အမြင့်ဆုံးကိုတက်ဖို့လှမ်းနေတဲ့ တေးသံရှင်ပိုပိုရဲ့ရည်မှန်းချက်ဟာ တကယ်ကို ကြီးမားလွန်းပါတယ်။ လှူတန်းချင်စိတ်ရှိပြီး လိုအပ်နေတဲ့နေရာတိုင်းကို လက်လှမ်းမှီ သလောက် ကူညီတတ်သူတစ်ယောက်ပါ။ သူမရဲ့ အသက် (၃၀) ပြည့် မွေးနေ့လေးမှာလဲ သီလရှင်ကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ပါသေး တယ်။

ငယ်စဉ်ကတည်းက အဖွားနဲ့ပဲနေခဲ့ရသူမို့ အဘွားကိုရည်စူးပြီး မိဘနှစ်ပါးအား ဦးထိပ်ထား၍ ဆိုပြီးလှူတန်းခဲ့တဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးပါ။ မိဘတွေနဲ့အတူတူမနေခဲ့ရတာ တောင် မိဘတွေရဲ့ကျေးဇူးကို အမြဲသိတတ်ပြီး ပြုသမျှကုသိုလ်တိုင်းကိုလည်း မျှဝေတတ်ပါ သေးတယ်။

အသက် (၃၀) အရွယ်မှာ ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်နိုင်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းစရာမလိုတဲ့ အနေအထားတစ်ခုထိ ရောက်အောင် ကြိုးစားနိုင်ခဲ့တဲ့ ပိုပို့ရဲ့ အရည်အချင်းကတော့ လေးစားလောက်ပါတယ်။ ရင်ခုန်ချင်စရာသီချင်လေးတွေနဲ့ ပရိသတ်တွေကို နှစ်ပေါင်းများစွာဖမ်းစားနိုင်ခဲ့တဲ့ သူမဟာ မွေးနေ့အမှတ်တရအဖြစ် Live လွှင့်ပြီး သီချင်းတွေလည်း ဆိုပြခဲ့ပါသေးတယ်။ Happy Birthday ပါ ပိုပိုရေ။

Happy – Cele Zone
Photo – Po Po

(ဇော်ဂျီဖြင့်ဖတ်ရန်)

အသက္ (၃၀) ျပည့္ေမြးေန႔မွာ သီလရွင္ေက်ာင္းကို ေန႔ဆြမ္းကပ္လွဴခဲ့တဲ့ ပိုပို

Broken Family မွာ ၾကီးပ်င္းခဲ့ရေပမယ့္ ဘဝကိုအရႈံးမေပးဘဲ အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားျပီး အျမင့္ဆံုးကို တက္ဖို႔လွမ္းေနတဲ့ ေတးသံရွင္ပိုပိုရဲ႕ရည္မွန္းခ်က္ဟာ တကယ္ကို ၾကီးမားလြန္းပါတယ္။ လွဴတန္းခ်င္စိတ္ရွိျပီး လိုအပ္ေနတဲ့ ေနရာတိုင္းကို လက္လွမ္းမွီ သေလာက္ ကူညီတတ္သူတစ္ေယာက္ပါ။ သူမရဲ႕ အသက္ (၃၀) ျပည့္ ေမြးေန႔ေလးမွာလဲ သီလရွင္ေက်ာင္းမွာ ေန႔ဆြမ္းကပ္လွူခဲ့ပါေသးတယ္။

ငယ္စဥ္ကတည္းက အဖြားနဲ႔ပဲေနခဲ့ရသူမို႔ အဘြားကိုရည္စူးျပီး မိဘႏွစ္ပါးအား ဦးထိပ္ထား၍ ဆိုျပီးလွဴတန္းခဲ့တဲ့ ခ်စ္စရာေကာင္းတဲ့ အဆိုေတာ္မေလးပါ။ မိဘေတြနဲ႔အတူတူမေနခဲ့ရတာ ေတာင္ မိဘေတြရဲ႕ေက်းဇူးကို အျမဲသိတတ္ျပီး ျပဳသမွ်ကုသိုလ္တိုင္းကို လည္း မွ်ေဝတတ္ပါ ေသးတယ္။

အသက္ (၃၀) အရြယ္မွာ ကိုယ္ပိုင္အိမ္တစ္လံုးပိုင္ဆိုင္ႏိုင္ျပီး ဘဝကို ခက္ခက္ခဲခဲ ျဖတ္သန္းစရာမလိုတဲ့ အေနအထားတစ္ခုထိေရာက္ေအာင္ ၾကိဳးစားႏိုင္ခဲ့တဲ့ ပိုပို႔ရဲ႕ အရည္အခ်င္းကေတာ့ ေလးစားေလာက္ပါတယ္။ ရင္ခုန္ခ်င္စရာသီခ်င္ေလးေတြနဲ႔ ပရိသတ္ေတြကို ႏွစ္ေပါင္းမ်ားစြာဖမ္းစားႏိုင္ခဲ့တဲ့ သူမဟာ ေမြးေန႔အမွတ္တရအျဖစ္ Live လႊင့္ျပီး သီခ်င္းေတြလည္း ဆိုျပခဲ့ပါေသးတယ္။ Happy Birthday ပါ ပိုပိုေရ။

Happy – Cele Zone
Photo – Po Po