သက်ကြီးအလှဖန်တီးရှင်ပူဇော်ပွဲမကျင်းပနိုင်လို့ အိမ်တိုင်ရာရောက် လိုက်ကန်တော့ခဲ့ကြတဲ့ နာမည်ကျော် အလှဖန်တီးရှင်တွေ

Posted on

ပြီးခဲ့တဲ့နှစ်ကစပြီး ဘဝတူ သက်ကြီးအလှဖန်တီးရှင်တွေအတွက် ပူဇော်ပွဲလုပ်ခဲ့ကြတဲ့ အလှဖန်တီးရှင်တွေဟာ ဒီနှစ်မှာလည်း ရိုးရာမပျက်ကျင်းပချင်ပေမယ့် လတ်တလောဖြစ်ပွားနေ တဲ့ ရောဂါတွေကြောင့် လူစုလူဝေးမလုပ်တော့ဘဲ အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ပြီး လှူတန်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဘဝတူအချင်းချင်း ဖေးမကူတတ်တဲ့ ချစ်စရာစိတ်ထားလေးကတော့ လေးစားစရာပါပဲ။

ဒီလိုကြည်နူးစရာအစီအစဉ်လေးကို ကမကထပြုလုပ်ခဲ့ကြသူတွေကတော့ ” မကြီးစန်း , သုသု , လင်းလင်း , မထက် မတည်ပြီး မိတ်ကပ် ကိုမာ , မိတ်ကပ်စိုးစိုး , ပန်းအလှမာမီကျော် ,ပန်းအလှ လင်းလင်း , မမနိုနို ” တွေပဲ ဖြစ်ပါတယ်။ ခက်ခဲမှုတွေကြားထဲက အတူတူ ကြိုးစားရုန်းကန်ခဲ့ကြ ပြီး အောင်မြင်တဲ့အချိန်မှာလည်း ကိုယ်နဲ့ဘဝတူတွေကို မေ့မထားဘဲ တတ်နိုင်သလောက် ကူညီပေးတတ်တာ လည်း မင်္ဂလာတစ်ပါးပါပဲ။

လှူတန်းမှုပုံရိပ်လေးတွေကို ” ကြည်နူးတယ် ပီတိဖြစ်တယ် သာဓု အကြိမ်ကြိမ် ခေါ်ပါတယ် မကြီးစန်း , သုသု , လင်းလင်း , မထက် မ တည်ပြီး မိတ်ကပ်ကိုမာ , မိတ်ကပ်စိုးစိုး , ပန်းအလှ မာမီကျော် ,ပန်းအလှလင်းလင်း , မမနိုနို စသော ပညာရှင်များ ဦးဆောင် ကမကထ ပြုလုပ်ကာ သက်ကြီးဘဝတူ အလှဖန်တီးရှင် ပူဖော်ပွဲ ပထမအကြိမ် ကျင်းပခဲ့ပါတယ် သက်ကြီးဘဝတူ အလှဖန်တီးရှင်များအတွက် ဒီနှစ် ကိုဗစ်ဖြစ်လို့ သက်ကြီးပူဇော်ပွဲ မလုပ်ဖြစ်သည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြပါတယ် အစစအရာရာ အလှူဖြစ်မြောက်ရေး အတွက် ပင်ပင်ပန်းပန်း တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကူညီပေးခဲ့သော မိတ်ကပ်ကိုမာ. မိတ်ကပ် ဦးစိုး မာမီကျော် အမေလင်း မမနိုတို့ကိုလည်းကျေးဇူးအထူးပင်တင်ပါတယ် မြင်သမျှ ကြားသမျှ သု တို့ အလှဖန်တီးရှင်များ အလှူအတွက် သာဓုခေါ် ဆိုနိုင်ပါစေရှင် ” ဆိုပြီး သုသုက ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

သက္ႀကီးအလွဖန္တီးရွင္ပူေဇာ္ပြဲမက်င္းပႏိုင္လို႔ အိမ္တိုင္ရာေရာက္ လိုက္ကန္ေတာ့ခဲ့ၾကတဲ့ နာမည္ေက်ာ္ အလွဖန္တီးရွင္ေတြ

ၿပီးခဲ့တဲ့ႏွစ္ကစၿပီး ဘဝတူ သက္ႀကီးအလွဖန္တီးရွင္ေတြအတြက္ ပူေဇာ္ပြဲလုပ္ခဲ့ၾကတဲ့ အလွဖန္တီးရွင္ေတြဟာ ဒီႏွစ္မွာလည္း ႐ိုးရာမပ်က္က်င္းပခ်င္ေပမယ့္ လတ္တေလာျဖစ္ပြားေန တဲ့ ေရာဂါေတြေၾကာင့္ လူစုလူေဝးမလုပ္ေတာ့ဘဲ အိမ္တိုင္ရာေရာက္ လိုက္လံကန္ေတာ့ၿပီး လႉတန္းမႈေတြ လုပ္ခဲ့ၾကပါတယ္။ ဘဝတူအခ်င္းခ်င္း ေဖးမကူတတ္တဲ့ ခ်စ္စရာစိတ္ထားေလး ကေတာ့ ေလးစားစရာပါပဲ။

ဒီလိုၾကည္ႏူးစရာအစီအစဥ္ေလးကို ကမကထျပဳလုပ္ခဲ့ၾကသူေတြကေတာ့ ” မႀကီးစန္း , သုသု , လင္းလင္း , မထက္ မတည္ၿပီး မိတ္ကပ္ကိုမာ , မိတ္ကပ္စိုးစိုး , ပန္းအလွမာမီေက်ာ္ ,ပန္းအလွ လင္းလင္း , မမႏိုႏို ” ေတြပဲ ျဖစ္ပါတယ္။ ခက္ခဲမႈေတြ ၾကားထဲက အတူတူႀကိဳးစား႐ုန္းကန္ခဲ့ၾက ၿပီး ေအာင္ျမင္တဲ့အခ်ိန္မွာလည္း ကိုယ္နဲ႔ဘဝတူေတြကို ေမ့မထားဘဲ တတ္ႏိုင္သေ လာက္ ကူညီ ေပးတတ္တာလည္း မဂၤလာတစ္ပါးပါပဲ။

လႉတန္းမႈပုံရိပ္ေလးေတြကို ” ၾကည္ႏူးတယ္ ပီတိျဖစ္တယ္ သာဓု အႀကိမ္ႀကိမ္ ေခၚပါတယ္ မႀကီးစန္း , သုသု , လင္းလင္း , မထက္ မ တည္ၿပီး မိတ္ကပ္ကိုမာ , မိတ္ကပ္စိုးစိုး , ပန္းအလွ မာမီေက်ာ္ ,ပန္းအလွလင္းလင္း , မမႏိုႏို စေသာ ပညာရွင္မ်ား ဦးေဆာင္ ကမကထ ျပဳလုပ္ကာ သက္ႀကီးဘဝတူ အလွဖန္တီးရွင္ ပူေဖာ္ပြဲ ပထမအႀကိမ္ က်င္းပခဲ့ပါတယ္ သက္ႀကီး ဘဝတူ အလွဖန္တီးရွင္မ်ားအတြက္ ဒီႏွစ္ ကိုဗစ္ျဖစ္လို႔ သက္ႀကီးပူေဇာ္ပြဲ မလုပ္ျဖစ္သည့္အတြက္ အိမ္တိုင္ရာေရာက္ လိုက္လံကန္ေတာ့ခဲ့ ၾကပါတယ္ အစစအရာရာ အလႉျဖစ္ေျမာက္ေရး အတြက္ ပင္ပင္ပန္းပန္း တစ္အိမ္တက္တစ္အိမ္ဆင္း လိုက္လံကူညီေပးခဲ့ေသာ မိတ္ကပ္ကိုမာ. မိတ္ကပ္ ဦးစိုး မာမီေက်ာ္ အေမလင္း မမႏိုတို႔ကိုလည္းေက်းဇူးအထူးပင္တင္ပါတယ္ ျမင္သမွ် ၾကားသမွ် သု တို႔ အလွဖန္တီးရွင္မ်ား အလွဴအတြက္ သာဓုေခၚ ဆိုႏိုင္ပါေစရွင္ ” ဆိုၿပီး သုသုက ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Nyi Nyi Maung