{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589608756421","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589608740714","source":"other","origin":"unknown"}

Stay Home ကာလလေးမှာ တစ်ပတ်ကိုလေးရက် ရေထဲမှာ ယောဂကစားဖြစ်တဲ့ အိန္ဒြာကျော်ဇင်

Posted on

နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်နေသူ ဖြစ်ပါတယ်။ လင်းလက်တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်လေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပရိသတ်တွေရဲ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အူဝဲရဲ့သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ကြွေနေရတာ ဖြစ်ပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အူဝဲက ယနေ့ချိန်အထိ ပျိုမျစ်နုနယ်ပြီး အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲက ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် ငယ်ရွယ်နုပျိုနေတာကလည်း ပရိသတ်တွေကိုအချစ်ပိုစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အခုလည်း stay home ကာလအတွင်းမှာ တစ်ပတ်ကိုလေးရက် ရေထဲမှာ ယောဂလေ့ကျင့်နေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

အူဝဲကတော့ အမြဲကျန်းမာရေးလိုက်စားကာ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း မြင်သူတိုင်းကြွေရလောက်အောင် လှနိုင်လွန်းတဲ့ အူဝဲကို ဖက်ရှင်ဘုရင်မလို့တောင် ပရိသတ်တွေရဲ့တင်စားခေါ်ဝေါ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Alexus – Cele Zone

Photo – Eaindra Kyaw Zin

(ဇော်ဂျီဖြင့်ဖတ်ရန်)


 




Alexus – Cele Zone

Photo – Eaindra Kyaw Zin