အိမ်ထောင်သက် (၁၅) နှစ် ပြည့်သွားတာတောင် ဇနီးကို သိပ်ချစ်နေတုန်းပဲဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

Posted on

စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ အိမ်ထောင်ပြုလိုက်လို့ လဲ အချစ်တွေအဆုံးမသတ်သွားပါဘူး။ အတူတူနေတဲ့အချိန်မှာ ရင်းနှီးမှုတွေပိုလာပြီး နားလည်မှုတွေ ယုံကြည်မှုတွေ အပြန်အလှန်ဖေးမမှုတွေနဲ့ ပိုပြီးတောင် ချစ်လာကြပါသေး တယ်။ ချစ်ခြင်းတရားမှာ အချိန်အတိုင်းအတာ အကန့်အသတ်မရှိဘူးဆိုတဲ့စကားလေးကို ဒါရိုက်တာကြီးက သက်သေပြလိုက်ပြီနော်။

ညိုမင်းလွင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ချစ်သူဘဝမှာကတည်းက ကျိုက်ထီးရိုးဘုရားပေါ် တက်ခါနီး အတူတူလက်တွဲတက်ကြမယ် တောင်ပေါ်ကပြန်ဆင်းတဲ့အထိ ဒီလက်လေးမပြုတ် ရင် အိမ်ထောင်ပြုကြမယ်ဆိုတဲ့ ကတိလေးထားခဲ့ပြီး တကယ်တမ်း ဒီလိုဖြစ်လာတဲ့ အချိန်မှာ တော့ နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့ကြပါတယ်။

ဒီနေ့ဟာတော့ ဒါရိုက်တာကြီးတို့ ဇနီးမောင်နှံနှစ်ယောက် ဘဝတိုက်ပွဲကိုအတူတူဝင်ခဲ့တာ (၁၅) နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ အရင်တုန်းက အမှတ်တရပုံရိပ်လေးတွေနဲ့ ” ၁၅ နှစ်ပြည့်သွားပြီ၊ အခုအချိန်အထိ ကျွန်တော်သူ့ကိုချစ်နေတုန်းပဲ ” ဆိုပြီး Anniversary လေးကို ကြည်ကြည်နူးနူးဖြတ်သန်းခဲ့ပါတယ်။ သက်ဆုံးတိုင် မေတ္တာမပျက်ဘဲ ပျော်ရွှင်ကြပါစေနော်။

Happy – Cele Zone
Photo – Nyo Min Lwin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nyo Min Lwin