ချစ်ဇနီးကိုသိပ်ချစ်လွန်းလို့ ဆံပင်ပုံပျက်သွားတာတောင် စိတ်မဆိုးဘဲ အပြုံးမပျက်တဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်း

Posted on

ပျော်စရာမိသားစုဘဝလေးမှာ ချစ်စရာကောင်းတဲ့သမီးလေးသုံးယောက်နဲ့ သူမကိုသိပ်ချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ နန္ဒာလှိုင် ကတော့ တကယ့်ကိုကံကောင်းတဲ့အမျိုးသမိးပါပဲ။ အိမ်ထောင်သက် (၁၂) နှစ်အတွင်းမှာ ရန်ဖြစ်စကားများတာမျိုးတွေမရှိဘဲ အမြဲတမ်း အလျော့ပေးအလိုလိုက်တဲ့ခင်ပွန်းကြောင့် ပျော်ရွှင်မှုတွေပြည့်ဝခဲ့ရသူပါ။ အိမ်ထောင်ပြုပြီး တာတောင် မိဘတွေနဲ့ပြန်နေချင်တယ်ဆိုလို့ အခုချိန်ထိ သူမ အပျိုဘဝကတည်းက နေလာခဲ့တဲ့ အခန်းမှာ လိုက်နေပေးတဲ့ ခင်ပွန်းကောင်းပါ။

ငွေကြေးဆိုရင်လည်း နန္ဒာကပဲအားလုံးကိုထိန်းသိမ်းပေးထားပြီး ခင်ပွန်းကတော့ သူလိုမှသာ ယူသုံးတတ်တဲ့ ရိုးသားသူတစ်ယောက်ပါ။ ဇနီးကိုလည်း သိပ်ချစ်ပြီး သစ္စာစောင့်သိတဲ့ ခင်ပွန်းကောင်းမို့ နန္ဒာကတော့ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေချည်းပဲ ပိုင်ဆိုင်ထားရသူပါ။ သမီးလေးသုံးယောက်ဟာလည်း ကြည်နူးမှုတွေအပြည့်နဲ့ မိသားစုဘဝလေးကြောင့် အလှပဆုံး ပန်လေးတွေအဖြစ် လန်းဆန်းလာကြပါ တယ်။

ဒီနေ့မှာလည်း နန္ဒာ့ရဲ့လက်စွမ်းပြမှုကို ” တနေ့က ဆံပင်တွေ ရှည်နေလို့ ဂတုံးတုံးမလို့ပါ။ ဓါးက အဆင်မပြေတော့ ဆံပင်ကို ပါးရုံပဲ ပါးလိုက်တာပါ။ နမ္ဒာ့ရဲ့လက်ရာအစွမ်းကတော့ မြင်တဲ့ အတိုင်းပါပဲ။ ကလေးတစ်ယောက် လာဆော့ထားသလိုဖြစ်နေလဲ ကျေနပ်ပါ တယ်။ ” ဆိုပြီး ခင်ပွန်းဖြစ်သူက ဝေမျှခဲ့ပါတယ်။ ကြည်နူးစရာလေးနော်။

Happy – Cele Zone
Photo – Zay Thi Ha

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခ်စ္ဇနီးကိုသိပ္ခ်စ္လြန္းလို႔ ဆံပင္ပုံပ်က္သြားတာေတာင္ စိတ္မဆိုးဘဲ အၿပဳံးမပ်က္တဲ့ နႏၵာလႈိင္ရဲ႕ ခင္ပြန္း

ေပ်ာ္စရာမိသားစုဘဝေလးမွာ ခ်စ္စရာေကာင္းတဲ့သမီးေလးသုံးေယာက္နဲ႔ သူမကိုသိပ္ခ်စ္တဲ့ ခင္ပြန္းကို ပိုင္ဆိုင္ထားႏိုင္ခဲ့တဲ့ နႏၵာလႈိင္ကေ တာ့ တကယ့္ကိုကံေကာင္းတဲ့အမ်ိဳးသမိးပါပဲ။ အိမ္ေထာင္သက္ (၁၂) ႏွစ္အတြင္းမွာ ရန္ျဖစ္စကားမ်ားတာမ်ိဳးေတြမရွိဘဲ အၿမဲတမ္း အေလ်ာ့ေပးအလိုလိုက္တဲ့ခင္ပြန္းေၾကာင့္ ေပ်ာ္႐ႊင္မႈေတြျပည့္ဝခဲ့ရသူပါ။ အိမ္ေထာင္ျပဳၿပီး တာေတာင္ မိဘေတြနဲ႔ျ ပန္ေနခ်င္တယ္ဆိုလို႔ အခုခ်ိန္ထိ သူမ အပ်ိဳဘဝကတည္းက ေနလာခဲ့တဲ့ အခန္းမွာ လိုက္ေနေပးတဲ့ ခင္ပြန္းေကာင္းပါ။

ေငြေၾကးဆိုရင္လည္း နႏၵာကပဲအားလုံးကိုထိန္းသိမ္းေပးထားၿပီး ခင္ပြန္းကေတာ့ သူလိုမွသာ ယူသုံးတတ္တဲ့ ႐ိုးသားသူတစ္ ေယာက္ပါ။ ဇနီးကိုလည္း သိပ္ခ်စ္ၿပီး သစၥာေစာင့္သိတဲ့ ခင္ပြန္းေကာင္းမို႔ နႏၵာကေတာ့ အိမ္ေထာင္ေရးမွာ ေပ်ာ္႐ႊင္မႈေတြ ခ်ည္းပဲ ပိုင္ဆိုင္ထားရသူပါ။ သမီးေလးသုံးေယာက္ဟာလည္း ၾကည္ႏူးမႈေတြအျပည့္နဲ႔ မိသားစုဘဝေလးေၾကာင့္ အလွပဆုံး ပန္ေလးေတြအျဖစ္ လန္းဆန္းလာၾကပါတယ္။

ဒီေန႔မွာလည္း နႏၵာ့ရဲ႕လက္စြမ္းျပမႈကို ” တေန႔က ဆံပင္ေတြ ရွည္ေနလို႔ ဂတုံးတုံးမလို႔ပါ။ ဓါးက အဆင္မေျပေတာ့ ဆံပင္ကို ပါး႐ုံပဲ ပါးလိုက္တာပါ။ နမၵာ့ရဲ႕လက္ရာအစြမ္းကေတာ့ ျမင္တဲ့ အတိုင္းပါပဲ။ ကေလးတစ္ေယာက္ လာေဆာ့ထားသလိုျဖစ္ ေနလဲ ေက်နပ္ပါတယ္။ ” ဆိုၿပီး ခင္ပြန္းျဖစ္သူက ေဝမွ်ခဲ့ပါတယ္။ ၾကည္ႏူးစရာေလးေနာ္။

Happy – Cele Zone
Photo – Zay Thi Ha