ပျော်ရွှင်ကြည်နူးမှုတွေအပြည့်နဲ့ ခင်ဇာခြည်ကျော်တို့ သားမိသုံးယောက်ရဲ့ ငယ်စဉ်က ပုံရိပ်လေးတွေ

Posted on

အမေ့ခြေရာကိုအပြည့်အဝနင်းမယ့် သားလေးနဲ့ဥမိးလေးကိုပိုင်ဆိုင်ထားပြီး မိခင်ဘဝကို ကျေနပ်ပျော်ရွှင်နေတဲ့ ခင်ဇာခြည်ကျော် ကတော့ သူမတို့သားမိသုံးယောက် ငယ်စဉ်က ပုံရိပ်လေးတွေကို ဝေမျှလိုက်ပါတယ်။ ကလေးအရွယ်သားနဲ့သမီးကို ငယ်ငယ်လေး ကတည်းက ကိုယ့်ခွန်ကိုယ့်အားနဲ့ အကောင်းမွန်ဆုံးကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ရဲ့ဝံ့မှုကိုတော့ မလေးစားဘဲ မနေနိုင်ပါဘူး။

Single Mother တွေရဲ့ဘဝဟာ အိမ်ထောင်ရှင်တွေထက်တောင် ပိုပြီးခက်ခဲပါတယ်။ သားရော သမီးရော နှစ်ယောက်လုံးရဲ့ တာဝန်ကိုယူထားရတဲ့ မိခင်တစ်ယောက်ရဲ့ဝန်တာဟာ အတော်လေးကိုကြီးမားပါတယ်။ ဝန်တာကြီးသလို မေတ္တာလည်းကြီးမားတာမို့ မေမေခင်ဇာခြည်ကျော်ဟာ သားနဲ့သမီးကို အကောင်းမွန်ဆုံး ပျိုးထောင်ခဲ့ပါတယ်။

တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားနဲ့သမီးဟာ မိခင်လိုပဲ အနုပညာဝါသနာပါပြီး အနုပညာ အလုပ်တွေကို အနည်းငယ် စ လုပ် နေပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမေခင်ဇာခြည်ကျော်က သူမတို့ငယ်စဉ်ကပုံရိပ်လေးတွေကို ” ကလေးတွေ ငယ်ငယ်ကပုံလေးတွေ ” ဆိုပြီး ဝေမျှလိုက် တာမို့ ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Khin Zar Chi Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khin Zar Chi Kyaw