တစ်ခါတလေ အဝတ်စားတွေဘယ်လိုဝတ်ရမလဲဆိုတာကိုတောင် မေ့နေတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

Posted on

Sexy မင်းသမီးအဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီးနောက်ပိုင်း သူမရဲ့ ရင်ခုန်စရာပုံရိပ်တွေကို မရိုးရအောင် အမျိုးမျိုးတင်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် ဒီနေ့မှာလည်း အပေါ်ပိုင်းဗလာကျင်းပုံရိပ်တွေကို ဝေမျှလိုက်ပြန်ပါပြီ ပရိသတ် ကြီးရေ။ လေ့ကျင့်ခန်းတွေလုပ်ပြီး ကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးနဲ့ လှလွန်းတဲ့ကောက်ကြောင်းတွေဟာ အချိန်တိုင်းမှာ ဆွဲဆောင်မှု ပိုနေပါတယ်။

 

 

လတ်တလောရောဂါဖြစ်ပွားနေတဲ့ကာလမှာ အိမ်တွင်းပုန်းပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေတာကြောင့် သင်ဇာ့ရဲ့ခန္ဓာကိုယ် အလှတရားတွေဟာ အရင်ကထက် ပိုပြီးကြည့်ကောင်းလာခဲ့တာတော့ အမှန်ပါပဲ။ အနုပညာလောကမှာ ရပ်တည်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပိုင်သိမ်းထားနိုင်ဆဲပါပဲ။

 

 

ဒီနေ့အတွက် သင်ဇာ့ရဲ့ရင်ခုန်ချင်စရာပုံရိပ်တွေကို ” Sometimes I forget how to wear clothes ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ရာသီဥတု ပူတာရော အလှတရားတွေချပြချင်တာရောကြောင့် အဝတ်အစားတွေဘယ်လိုဝတ်ရတယ်ဆိုတာတောင် မေ့နေတဲ့ မမသင်ဇာရဲ့ အမိုက်စားပုံလေး တွေကို ဝေမျှပေးလိုက်ပါတယ်။

 

Happy – Cele Zone
Photo – Thinzar Wint Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone