ဘေဘီလို့အခေါ်ခံရတိုင်း အနှစ် (၂၀) လောက်ပြန်ငယ်သွားသလိုခံစားရတယ်ဆိုတဲ့ ခြူးလေး

Posted on

MRTV-4 မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ခြူးလေးကတော့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရ ရှိလာသူလေးဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကိုလည်း အမြဲနွေးနွေးထွေးထွေးဆက်ဆံပေးတတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမနဲ့ ဖန်တွေရဲ့ ဆက်ဆံရေးလေးတွေကတော့ အရမ်းကိုချစ်ဖို့ကောင်းပါတယ် နော် ။

သူမရဲ့ We Love ဖန်တွေကလည်း ခြူးလေးကိုအရမ်းချစ်ကြပြီး အမြဲ လက်ဆောင်လေးတွေလည်း ပို့ပေးတတ်ပါသေးတယ် ။ လတ်တလောမှာတော့ ခြူးလေးဆီကို ချစ်ရတဲ့ ပရိသတ်တစ်ယောက်ကလေး စာလေးတစ်စောင်ပေးပို့လာခဲ့ပါတယ် ။ ” ကိုယ့်ချန်ဖူးလေးတွေက ဖန်ဆိုင်းထိုးပေးပါ ဂျီမကျဘူး သူတို့ကပဲ ချစ်ကြောင်းတွေ ပို့ကြတာ ဘေဘီလေးလို့အခေါ်ခံရတိုင်း နှစ် (၂၀) လောက်ပြန်ငယ်သွားသလိုခံစားရတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တစ်ယောက်ပို့လာတဲ့ စာလေးကို သူမရဲ့ မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့တာပါ ။

ခြူးလေးရဲ့ ပရိသတ်တွေက ခြူးလေးကို အရမ်းချစ်သလို ခြူးလေးက လည်း ဖန်တွေရဲ့လက်ဆောင်ပစ္စည်းလေးတွေကအစ စာလေးတွေအဆုံး တန်ဖိုးထားတတ်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ Cele Zone ပရိသတ်ကြီးထဲမှာရော ဘေဘီ ခြူးလေးကို ချစ်ကြတဲ့သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Chue Lay
Emily (Cele Zone)