ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ဆေးလိပ်ဖြတ်တော့မယ်ဆိုတဲ့ ရာဝန

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတဲ့ တက်သစ်စ အဆိုတော်လေးက တော့ ရာဝနပဲဖြစ်ပါတယ် ။ အခုလိုအောင်မြင်လာဖို့အတွက် နှစ်တွေအများကြီးကြိုးစားခဲ့ရပြီး အခုဆိုရင်ကြိုးစားမှုရဲ့ ရလဒ် ဖြစ်တဲ့ အောင်မြင်မှုကို ရရှိခံစား နေရပြီဖြစ်ပါတယ် ။

အိမ်က Supporting မပေးတဲ့အတွက် ကိုယ်ဒူးကိုယ်ချွန်ပြီး အောင်မြင်အောင်ကြိုးစားခဲ့ရလို့ သူ့ရဲ့အနုပညာကို အရမ်းမြတ်နိုးတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ ရာဝနက ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ အရင်ဆုံးစလုပ်ရမှာက ဆေးလိပ်ဖြတ်ရမယ် ဆိုတဲ့စာသားလေးကို သူ့ရဲ့မိုင်ဒေးမှာရေးသားဖော်ပြလာခဲ့ပါတယ် ။

အဆိုတော်တစ်ယောက် အနေနဲ့ အမောခံနိုင်ဖို့က အဓိကမို့ ဆေးလိပ်ဖြတ်ဖို့ကို ပရိသတ်တွေက လည်း တညီတညွတ်ထဲ အားပေးခဲ့ကြတာပါ ။ ရာဝနကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးရော ရာဝနကို ဆေးလိပ်ဖြတ်စေချင်ရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Yarwana
Emily (Cele Zone)