မြန်မာဝတ်စုံ အစုံ (၁) ထောင်ကို Live လွှင့်ပြီးရောင်းချပေးသွားမယ့် ဘေဘီမောင်

သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမရဲ့ အမိုက်စား ဘော်ဒီကောက်ကြောင်းနဲ့ အကိတ်မင်းသမီးလို့ ပရိသတ် တွေ သိကြပြီးသားဖြစ်မှာပါ ။ သားဂန်းနဲ့ချစ်သူတွေဖြစ်ပြီး မနဲ့မောင် ဆက်ဆံရေးလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြ သလို မမ ပီသလွန်းတဲ့ ဘေဘီရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ နန်းဆန်တဲ့ ပုံရိပ်လေးတွေကို လည်း ပရိသတ်တွေသဘောကျခဲ့ကြတာပါ ။

လတ်တလောမှာတော့ ဘေဘီက သူမရဲ့ မြန်မာဝတ်စုံ အစုံတစ်ထောင်ကျော်ကို ပရိသတ်တွေကို Live လွှင့်ပြီးရောင်းချပေးမယ် လို့သိရပါတယ် ။ ဒီနေ့အတွက်တော့ အထည် (၇၀) လောက်ပဲ စမ်းပြီးရောင်းမှာဖြစ်ပြီး နောက်နေ့တွေမှာ ဝယ်သူတွေရဲ့ အခြေနေကိုကြည့်ပြီး များများရောင်းပေးမယ်လို့ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ် ။ တခုရှိတာက သူမနဲ့ ဆိုဒ်တူတဲ့သူတွေပဲ ရရှိမှာဖြစ်ပါတယ် ။

ဘေဘီရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေက ဘယ်လောက်လှလဲ ဆိုတာကို မြင်ဖူးတဲ့ ပရိသတ်တွေလည်း ရှိမှာပါ ။ အမြဲနန်းဆန်ပြီး လှပတဲ့ မြန်မာဝတ်စုံလေးတွေကို ပဲဝတ်လေ့ရှိတဲ့ ဘေဘီရဲ့ မြန်မာဝတ်စုံလှလှလေးတွေကို ဝယ်ချင်တယ်ဆိုရင်တော့ Baby Maung ဆိုတဲ့အကောင့်ကနေတဆင့် ဝယ်ယူနိုင်တယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : Baby Maung
Emily (Cele Zone)