မတော်တဆမှုတစ်ခုကြောင့် ဆေးရုံတက်ခဲ့ရတဲ့ ရွှေထူး

Cele Zone ပရိသတ်ကြီးရေ အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲမှာနေရာယူခဲ့သူကတော့ အဆိုတော် ရွှေထူးပါ ။ အားပေးဝန်းရံတဲ့ ပရိသတ်အခိုင်အမာရရှိထားသလို ထွက်ရှိသမျှသီချင်းတိုင်းဟာ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်လို့ဆိုရမှာပါ ။

ပရိသတ်အချစ်တော် ရွှေထူးကတော့ လတ်တလောမှာ မတော်တဆမှု တစ်ခုကြောင့်ဆေးရုံတက်နေရတယ်လို့ သတင်းရ ရှိပါတယ် ။ ရွှေထူးကတော့ ” စိတ်မပူကြပါနဲ့ ခြင်းခတ်ရင်း ချော်လဲလို့ လက်နဲ့ထောက်မိတာပါ ကျောက်ပတ်တီးပတ်ဖူးသွားပြီ ” ဆိုတဲ့စာသားလေးနဲ့အတူ ကျောက်ပတ်တီးစည်းထားရတဲ့ သူ့ရဲ့ပုံကို မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ အထူးစိုးရိမ်နေကြပြီး ကျောက်ပတ်တီးပတ်ရတာပဲရှိတာ စိုးရိမ်စရာမရှိပါဘူးလို့ ရွှေထူးက ပြောပြလာခဲ့တာဖြစ်ပါတယ် ။ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးနဲ့အတူ ရွှေထူးတစ်ယောက် အမြန်ဆုံးသက်သာပြီး ကျောက်ပတ်တီးမြန်မြတ် ဖြည်ရပါစေလို့ Cele Zone မှ ဆုတောင်းပေးလိုက်ပါတယ်နော် ။

Source : Shwe Htoo
Emily (Cele Zone)