အတူတူစုပေါင်းလှူတဲ့ ပရဟိတအစီအစဉ်လေးမှာ သိန်းထောင်ချီအလှူငွေရခဲ့လို့ ပျော်ရွှင်နေတဲ့အဆိုတော်ဂျူဝယ်

Posted on

အနုပညာရှင်တွေလည်း ပါဝင်ထားတဲ့ ” ပြည်သူနဲ့အတူ လှူကြမယ် ” ပရဟိတအဖွဲ့လေးမှာ ဝိုင်းဝန်းလှူတန်းသူတွေရဲ့စေတနာကြောင့် စုစုပေါင်းအလှူငွေ သိန်း (၁၁၅၈) သိန်း ရရှိခဲ့ပြီး ငွေကျပ် (၇၈၄) သိန်းကိုလည်း လှူတန်းခဲ့ပါသေးတယ်။ အခုလို ခက်ခဲနေတဲ့ကာလမှာ အခြေခံလူတန်းစားတွေအတွက်တော့ လှူတန်းသူတွေ တကယ်လိုအပ်ပါတယ်။

လှူတန်းမှုတွေပြုလုပ်အပြီးမှာလည်း ကျန်တဲ့ငွေ (၃၇၄) သိန်းကိုလည်း လိုအပ်တဲ့နေရာတွေကို အဆင်ပြေသလို လှူတန်းသွားဦးမှာပါ။ နိုင်ငံတော်ကလည်း ကူညီထောက်ပံ့ပေးတဲ့အပြင် ပြည်သူတွေကလည်း အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖေးမပေးမယ်ဆိုရင် ပျော်စရာကောင်းတဲ့ မြန်မာနိုင်ငံကြီးဖြစ်လာတော့မှာပါ။

ဂျူဝယ်က အလှူစာရင်းတွေကို ” ပြည်သူနဲ့အတူတူလူတန်းမှုလေးပါ ကျနော့်တို့က ကိုယ်စား သွားရောက် လူဒါန်းပေးထားတာ လေးပါဗျ အားလုံးသာဓုခေါ်နိုင်ကြပါစေ ပြည်သူပြည်သား နှင့်အနုပညာရှင် ညီအစ်ကို မောင်နှမများနှင့် ပါဝင်လူဒါန်းအားဖြည့်ကြသူများအားလုံး ကို သာဓုခေါ်ပါတယ် ကျေးဇူးတင်ပါတယ် 13.5.2020 ရရှိထားသော အလှူငွေ 1158 သိန်း / လှူပြီးငွေ 784 သိန်း / လှူရန်ကျန်ငွေ 374 သိန်း လှူပြီးငွေနှင့် အလှုပစ္စည်းစာရင်း အားလုံးနဲ့အတူ စုပေါင်း အလှူ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Jewel Yadanar

(ဇော်ဂျီဖြင့်ဖတ်ရန်)

အတူတူစုေပါင္းလွဴတဲ႕ ပရဟိတအစီအစဥ္ေလးမွာ သိန္းေထာင္ခ်ီအလွဴေငြရခဲ့လို႔ ေပ်ာ္ရႊင္ေနတဲ ့အဆိုေတာ္ဂ်ဴဝယ္

အႏုပညာရွင္ေတြလည္း ပါဝင္ထားတဲ့ ” ျပည္သူနဲ႔အတူ လွဴၾကမယ္ ” ပရဟိတအဖြဲ႕ေလးမွာ ဝိုင္းဝန္းလွဴတန္းသူ ေတြရဲ ႕ေစတနာေၾကာင့္ စုစုေပါင္းအလွဴေငြ သိန္း (၁၁၅၈) သိန္း ရရွိခဲ့ျပီး ေငြက်ပ္ (၇၈၄) သိန္းကိုလည္း လွဴတန္းခဲ့ပါ ေသးတယ္။ အခုလို ခက္ခဲေနတဲ့ကာလမွာ အေျခခံလူတန္းစားေတြအတြက္ေတာ့ လွဴတန္းသူေတြ တကယ္လိုအပ္ပါတယ္။

လွဴတန္းမႈေတြျပဳလုပ္အျပီးမွာလည္း က်န္တဲ့ေငြ (၃၇၄) သိန္းကိုလည္း လိုအပ္တဲ့ေနရာေတြကို အဆင္ေျပသလို လွဴတန္းသြားဦးမွာပါ။ ႏိုင္ငံေတာ္ကလည္း ကူညီေထာက္ပံ့ေပးတဲ့အျပင္ ျပည္သူေတြကလည္း အခ်င္းခ်င္း ကိုင္းကြ်န္းမွီ ကြ်န္းကိုင္းမွီ ေဖးမေပးမယ္ဆိုရင္ ေပ်ာ္စရာေကာင္းတဲ့ ျမန္မာနိုင္ငံၾကီးျဖစ္လာေတာ့မွာပါ။

ဂ်ဴဝယ္က အလွဴစာရင္းေတြကို ” ျပည္သူနဲ႔အတူတူလူတန္းမႈေလးပါ က်ေနာ့္တို႔က ကိုယ္စား သြားေရာက္ လူဒါန္းေပးထားတာ ေလးပါဗ် အားလုံးသာဓုေခၚႏိုင္ၾကပါေစ ျပည္သူျပည္သား ႏွင့္အႏုပညာရွင္ ညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ ပါဝင္လူဒါန္းအား ျဖည့္ၾကသူမ်ားအားလုံးကို သာဓုေခၚပါတယ္ ေက်းဇူးတင္ပါတယ္ 13.5.2020 ရရွိထားေသာ အလႉေငြ 1158 သိန္း / လႉၿပီး ေငြ 784 သိန္း / လႉရန္က်န္ေငြ 374 သိန္း လႉၿပီးေငြႏွင့္ အလႈပစၥည္းစာရင္း အားလုံးနဲ႔အတူ စုေပါင္း အလႉ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Jewel Yadanar