မုန့်လာပို့ရင်းနဲ့ လိုအပ်တဲ့နေရာတွေမှာ လှူတန်းဖို့အတွက် ယုန်လေးကို ငွေငါးသိန်းပေးထားခဲ့တဲ့ အလှူရှင်
Posted on
ရောဂါတွေကင်းစင်ခဲ့တုန်းက လူငယ်တွေအဓိကပျော်ပါးခဲ့တဲ့ နေရာတစ်နေရာဖြစ်တဲ့ Pioneer Club ဟာ အခုဆိုရင်တော့ အစားအသောက်တွေကို လိုက်ပို့တဲ့စနစ်နဲ့ ရောင်းချနေပါပြီ။ ယုန်လေး ကလည်းမှာယူအားပေးပြီး လာပို့တဲ့အချိန်မှာတော့ ပရဟိတ အလုပ်တွေမှာ လက်မနှေးတတ်တဲ့ ယုန်လေးအတွက် အလှူငွေ (၅) သိန်း လှူခဲ့ပါသေးတယ်။
ကိုယ်တိုင်မလှူရင်တောင် အလှူရှင်တွေကိုယ်စား မရောက်ရောက်အောင်သွားပြီး လှူတန်းပေးတဲ့ ယုန်လေးရဲ့ ကြည်နူးစရာလုပ်ရပ်ကြောင့် ပရိသတ်တွေကလည်း ပိုပြီးလေးစားချစ်ခင်ကြပါ တယ်။ လိုအပ်သူတွေကို ပစ္စည်းတွေလှူတန်းရုံတင်မကဘဲ စိတ်ဓာတ်ခွန်အားဖြစ်စေ မယ့် စကားတွေလည်း ပြောတတ်ပါသေးတယ်။
ပျော်စရာ အခိုက်အတန့်လေးကို ” Pioneer ကို လွမ်းနေတဲ့ လူများ Food တွေအားပေးလို့ရပါပြီ Pioneer မှ အစားအသောက်များ Dile နဲ့ ပို့ပေးနေပါသည် ။ ကျွန်တော်ကတော့ ဒီနေ့ အားပေး လိုက်တယ် ဈေးနူန်းလည်းသက်သာပါတယ် Pioneer က ဝန်ထမ်းညီအစ်ကိုတွေ ရောင်းတာပါ မှာချင်တဲ့ Menu တော်တော်များများရပါတယ် အရသာလည်း တကယ်ကောင်းတာပါ Pioneer မိသားစုမှလည်း လိုအပ်တဲ့ နေရာများကိုလှူဖို့ အလှူငွေ (၅) သိန်း လှူဒါန်းသွားပါသည်။ သာဓု ခေါ်ရင်း အားပေးလိုက်ကြရအောင်ဗျာ ” ဆိုပြီး ဝေမျှထားပါတယ်။
Happy – Cele Zone
Photo -Yone Lay
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo -Yone Lay