နွမ်းပါသူတွေကို ငွေကြေးထောက်ပံ့တဲ့အစီအစဉ်မှာ ငွေကျပ် သိန်း (၃၀) လှူတန်းခဲ့တဲ့ နေတိုး

Posted on

အလှူအတန်းဆိုလက်မနှေးတတ်တဲ့ မင်းသားကိုနေတိုးတစ်ယောက် ချို့တဲ့သူတွေကို စာအိတ်နဲ့ တကွ ငွေကြေးထောက်ပံ့လှူတန်းတဲ့ အစီအစဉ်မှာ အလှူငွေ သိန်း (၃၀) ပါဝင် လှူတန်းဖြစ်ခဲ့ပါ တယ်။ ဒီအလှူဒါနလေးမှာ လှူတန်းကြသူတွေအများအပြားရှိခဲ့ပြီး လိုအပ်သူ တွေလက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတာကိုမြင်ရတာလည်း တကယ့်ကိုကျေနပ်ပီတိဖြစ်ရပါတယ်။

 

 

 

Covid – 19 ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတော်က ထောက်ပံ့တဲ့အစီအစဉ်မှာလည်း ငွေကျပ် သိန်း (၁၀၀) လှူတန်းခဲ့ပါသေးတယ်။ လိုအပ် တဲ့အချိန်တိုင်းမှာ လိုအပ်သလိုကူညီတတ်တဲ့ စိတ်ထားလေးကတော့ တကယ့်ကိုလေးစားစရာပါ။ သူလှူလိုက်တဲ့ (FCPN) Program ကနေ နွမ်းပါးသူတွေလက်ထဲ ငွေကြေးလှူတန်းပေးနေတာမြင်တော့ ဝမ်းသာတဲ့အကြောင်းလေးကို လူမှုကွန်ရက်မှာ ရင်ဖွင့်ပြောပြခဲ့ပါ သေးတယ်။

 

 

 

ပီတိဖြစ်ရပုံလေးကို ” လွန်ခဲ့သော 8 .5 .2020 က (FCPN) program မှာ အလှူငွေသိန်း(၃၀)ဆယ် (စာအိတ်၃၀၀)စာ ပါဝင်လှူဒါန်းဖြစ်ပါ တယ် ဒီပုံလေးတွေမြင်ရတော့စိတ်ထဲမှာခံစားမှုများစွာနဲ့ အတူ ပီတိလဲဖြစ်မိ ပါတယ် အခုလိုတကယ်လိုအပ်နေတဲ့သူတွေဆီကို မရောက် ရောက်အောင် ပို့ပေးနေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ( FCPN) မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် အလှူငွေ တွေလဲအများကြီးရပြီး လူမှုအကျိုးများကို ဆထက်တပိုး ဆောင်ရွက် နိုင်ကြပါစေခင်ဗျာ ပရိသတ်များလဲကုသိုလ်အမျှရကြပါစေ အားလုံးလဲကပ်ရောဂါ ဆိုးမှကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

Happy – Cele Zone
Photo – Nay Toe

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႏြမ္းပါသူေတြကို ေငြေၾကးေထာက္ပံ့တဲ့အစီအစဥ္မွာ ေငြက်ပ္ သိန္း (၃၀) လႉတန္းခဲ့တဲ့ ေနတိုး

အလႉအတန္းဆိုလက္မေႏွးတတ္တဲ့ မင္းသားကိုေနတိုးတစ္ေယာက္ ခ်ိဳ႕တဲ့သူေတြကို စာအိတ္နဲ႔ တကြ ေငြေၾကးေထာက္ ပံ့လႉတန္းတဲ့အစီအစဥ္မွာ အလႉေငြ သိန္း (၃၀) ပါဝင္ လႉတန္းျဖစ္ခဲ့ပါ တယ္။ ဒီအလႉဒါနေလးမွာ လႉတန္းၾကသူေတြအမ်ား အျပားရွိခဲ့ၿပီး လိုအပ္သူေတြလက္ထဲကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္သြားတာကိုျမင္ရတာလည္း တကယ့္ကိုေက်နပ္ပီတိျဖစ္ရပါ တယ္။

Covid – 19 ေရာဂါနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္က ေထာက္ပံ့တဲ့အစီအစဥ္မွာလည္း ေငြက်ပ္ သိန္း (၁၀၀) လႉတန္းခဲ့ပါေသးတယ္။ လိုအပ္တဲ့အခ်ိန္တိုင္းမွာ လိုအပ္သလိုကူညီတတ္တဲ့ စိတ္ထားေလးကေတာ့ တကယ့္ကိုေလးစားစရာပါ။ သူလွဴလိုက္တဲ့ (FCPN) Program ကေန ႏြမ္းပါးသူေတြလက္ထဲ ေငြေၾကးလွဴတန္းေပးေနတာျမင္ေတာ့ ဝမ္းသာတဲ့အေၾကာင္းေလးကို လူမႈကြန္ရက္မွာ ရင္ဖြင့္ေျပာျပခဲ့ပါေသးတယ္။

ပီတိျဖစ္ရပုံေလးကို ” လြန္ခဲ့ေသာ 8 .5 .2020 က (FCPN) program မွာ အလႉေငြသိန္း(၃၀)ဆယ္ (စာအိတ္၃၀၀)စာ ပါဝင္လႉဒါန္း ျဖစ္ပါတယ္ ဒီပုံေလးေတြျမင္ရေတာ့စိတ္ထဲမွာခံစားမႈမ်ားစြာနဲ႔ အတူ ပီတိလဲျဖစ္မိ ပါတယ္ အခုလိုတကယ္လိုအပ္ေနတဲ့သူေတြ ဆီကို မေရာက္ေရာက္ေအာင္ ပို႔ေပးေနၾကတဲ့ Clean Yangon အဖြဲ႕နဲ႔အတူ( FCPN) မွ တာဝန္ရွိသူမ်ားအားလုံးကို ေက်းဇူး အထူးတင္ပါတယ္ အလႉေငြေတြလဲအမ်ားႀကီးရၿပီး လူမႈအက်ိဳးမ်ားကို ဆထက္တပိုး ေဆာင္႐ြက္ ႏိုင္ၾကပါေစခင္ဗ်ာ ပရိသတ္မ်ား လဲကုသိုလ္အမွ်ရၾကပါေစ အားလုံးလဲကပ္ေရာဂါ ဆိုးမွကင္းေဝးၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ ” ဆိုၿပီး ေဝမွ်ခဲ့ပါ တယ္။

Happy – Cele Zone
Photo – Nay Toe