ကြာသပတေးနေ့တိုင်း လေလွင့်ခွေးလေးတွေကို အစားအသောက်တွေလှူတန်းဖြစ်တယ်ဆိုတဲ့ စမိုင်းလ်

Posted on

ရောဂါတွေမရှိစဉ်က လေလွင့်ခွေးလေးတွေကို နီးစပ်ရာမိသားစုတွေနဲ့ လမ်းသွားလမ်းလာ တစ်ချို့က အစားအသောက် ကျွေးမွေးတာမျိုး တွေရှိပေမယ့် အခုလို stay home ကာလတွေမှာတော့ သူတို့အတွက် စားရေသောက်ရေးက ခက်ခဲမှာပါ။ ခွေးဂေဟာမှာရှိတဲ့ ခွေးလေး တွေကလည်း အလှူရှင်တွေရှားပါးသွားတာမို့ အစားအသောက်အတွက် နေ့ရက်တိုင်း အဆင်မပြေနိုင်လောက်ပါဘူး။

ဂေဟာပိုင်ရှင်အဖို့ကလည်း ခွေးတွေအများကြီးကို စောင့်ရှောက်တာအပြင် အစားအသောက် အတွက် နေ့စဉ်တာဝန်ယူနိုင်ဖို့ဆိုတာ တကယ်တမ်းတော့ အဆင်မပြေပါဘူး။ ဒီလိုအချိန်မှာ စမိုင်းလ်တစ်ယောက် ဂေဟာကိုသွားပြီး လှူတန်းမှုလေးတွေ လုပ်ခဲ့ပါတယ်။ အရင်ကဆို ကြာသပတေးနေ့တိုင်း လေလွင့်ခွေးလေးတွေကို အစားအသောက်တွေကျွေးမွေးလာခဲ့တာ (၂) နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

 

သူမရဲ့အလှူလေးကိုလည်း ” ကြာသာပတေးနေ့တိုင်းအလှူလေးတစ်ခု ၂နှစ်ကျော်ရှိခဲ့ပြီ။ လမ်းဘေးခွေးတွေကိုအပတ်စဉ် ကြာသာပတေး နေ့တိုင်း ခွေးစာလှူဒါန်းဖြစ်တယ်။ အခုလို စီးပွါးရေးအဆင်မပြေတဲ့အချိန် ခွေးစာလှူတဲ့လူတွေလည်းရှားသွားတော့ ခွေးလေးတွေ အဆင်ပြေဖို့လှူချင်ရင်တော့ အဲဒီမှာလှူလို့ရပါတယ်နော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကာသပေတးေန႔တိုင္း ေလလြင့္ေခြးေလးေတြကို အစားအေသာက္ေတြလႉတန္းျဖစ္တယ္ဆိုတဲ့ စမိုင္းလ္

 

ေရာဂါေတြမရွိစဥ္က ေလလြင့္ေခြးေလးေတြကို နီးစပ္ရာမိသားစုေတြနဲ႔ လမ္းသြားလမ္းလာ တစ္ခ်ိဳ႕က အစားအေသာက္ ေကြၽးေမြးတာမ်ိဳးေတြရွိေပမယ့္ အခုလို stay home ကာလေတြမွာေတာ့ သူတို႔အတြက္ စားေရေသာက္ေရးက ခက္ခဲမွာပါ။ ေခြးေဂဟာမွာရွိတဲ့ ေခြးေလးေတြကလည္း အလႉရွင္ေတြရွားပါးသြားတာမို႔ အစားအေသာက္အတြက္ ေန႔ရက္တိုင္း အဆင္မေျပႏိုင္ေလာက္ပါဘူး။

ေဂဟာပိုင္ရွင္အဖို႔ကလည္း ေခြးေတြအမ်ားႀကီးကို ေစာင့္ေရွာက္တာအျပင္ အစားအေသာက္ အတြက္ ေန႔စဥ္တာဝန္ယူႏိုင္ဖို႔ ဆိုတာ တကယ္တမ္းေတာ့ အဆင္မေျပပါဘူး။ ဒီလိုအခ်ိန္မွာ စမိုင္းလ္တစ္ေယာက္ ေဂဟာကိုသြားၿပီး လႉတန္းမႈေလးေတြ လုပ္ခဲ့ပါတယ္။ အရင္ကဆို ၾကာသပေတးေန႔တိုင္း ေလလြင့္ေခြးေလးေတြကို အစားအေသာက္ေတြေကြၽးေမြးလာ ခဲ့တာ (၂) ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။

သူမရဲ႕အလႉေလးကိုလည္း ” ၾကာသာပေတးေန႔တိုင္းအလႉေလးတစ္ခု ၂ႏွစ္ေက်ာ္ရွိခဲ့ၿပီ။ လမ္းေဘးေခြးေတြကို အပတ္စဥ္ၾကာသာပေတးေန႔တိုင္း ေခြးစာလႉဒါန္းျဖစ္တယ္။ အခုလို စီးပြါးေရးအဆင္မေျပတဲ့အခ်ိန္ ေခြးစာလႉတဲ့လူေတြ လည္းရွားသြားေတာ့ ေခြးေလးေတြ အဆင္ေျပဖို႔လႉခ်င္ရင္ေတာ့ အဲဒီမွာလႉလို႔ရပါတယ္ေနာ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါ တယ္။

Happy – Cele Zone
Photo – Smile