ဇနီးဖြစ်သူရဲ့ မယားဝတ္တရားကျေပြွန်မှုကို မသိအောင်ဓာတ်ပုံရိုက်ထားပြီး ကြည်ကြည်နူးနူးပြောပြခဲ့တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း
Posted on
အနုပညာအလုပ်တွေရပ်နားလိုက်ပြီး မိသားစုကိုပဲ အချိန်အပြည့်အဝပေးနေတဲ့ မေမေနန္ဒာလှိုင်ရဲ့ အိမ်ထောင်ရှင်မ ကောင်းပီသတဲ့ လုပ်ရပ်တစ်ချို့ကို ခင်ပွန်းဖြစ်သူက ဓာတ်ပုံလေးတွေ မသိအောင်ရိုက်ထားပြီး လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ သန့်ရှင်းရေးတွေလုပ်တဲ့အပြင် ခင်ပွန်းဖြစ်သူအပန်းဖြေဖို့အတွက်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးတဲ့ ဒီလိုအလိမ္မာအိမ်ပါ ဇနီးချောလေးကြောင့် ခင်ပွန်းကတော့ အရမ်းကိုကျေနပ်နေမှာ အသေအချာပါပဲ။
အသက်အရွယ်ရလာပေမယ့် အရင်ကလို နုပျိုနေဆဲ လှနေဆဲပါပဲ။ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင် ထားပြီး ဖေဖေမေမေတို့ရဲ့ ထက်မြက်မှုနဲ့ လှပမှုတွေကို အပြည့်အဝ အမွေရထားတဲ့ သမီးချောလေးတွေဟာ ထူးချွန်သူ လေးတွေဖြစ်ပြီး ဝတီ ရတီနဲ့ မဒီရယ်ဆိုပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ချစ်ဇနီးလေးရဲ့ထောင့်စေ့စေ့အလုပ်လုပ်နေပုံလေးကို ” ကိုယ့်ဟိုတယ်မှာ ကိုယ့်အခန်းကို ကိုယ်တိုင်ဖုန်စုတ်တယ်။ ရေကန်အမှိုက် ကိုယ်တိုင်ရှင်းတယ်။ အပင်တွေ လိုက်ညှပ်တယ်။ ယောင်္ကျား အတွက် rum စပ်ပေးတယ်။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒီလိုဇနီးမျိုးရထားတာတော့ တကယ့်ကိုကံကောင်းတာပဲနော်။
Photo –
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo –
Happy – Cele Zone