တတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့ အာဇာနည်ရဲ့ချစ်ဇနီးလေး ဝမ်း

Posted on

ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်စရာမိသားစုဘဝလေးမှာ အေးချမ်းနေတဲ့ အာဇာနည်နဲ့ဝမ်းတို့ကတော့ တတိယရင်သွေး သမီးလေးကိုလည်း ထပ်မံပိုင်ဆိုင်ရပြန်ပါပြီ ပရိသတ်ကြီးရေ။ ရင်သွေးဆိုတာ ရတနာပဲမို့ ကိုယ်ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်လေးမှာ ရအောင်ယူနိုင်တာလည်း ပျော်စရာတစ်ခုပါပဲ။

အသက်အရွယ်အရမ်းကြီးသွားရင် ကလေးယူဖို့အခက်အခဲအနည်းငယ်ရှိသွားတတ်တာမို့ အခုလိုအဆင်ပြေနေတဲ့အချိန်လေးမှာ ကိုယ့်ရင်သွေးလေးတွေကို ကျန်းကျန်းမာမာနဲ့ လူ့လောကထဲခေါ်ဆောင်နိုင်တာလည်း မင်္ဂလာတစ်ပါးပါပဲ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေး တို့ နှစ်ယောက်ကတော့ ညီမလေးရလာတော့မှာဆိုတော့ ဆော့ဖော်လည်းတိုးသလို ချစ်ဖော်လည်း တိုးပြီးမို့ ပျော်နေမှာတော့ သေချာပါ တယ်။

မိသားစုတွေကလည်း သမီးလေးကိုကြိုဆိုကြသလို ခင်မင်ရင်းနှီးသူတွေကလည်း သမီးလေးရလာတဲ့အတွက် ဂုဏ်ပြုစကားတွေပြောခဲ့ ပါတယ်။ ဒီထဲမှာ မခိုင်ကြီးကလည်း ” Congratulations ဇာနည်+ဝမ်း ဖစ်ဖစ်ချစ်ချစ်သမီးလေး ” ဆိုပြီး ပြောခဲ့ပါသေးတယ်။ အစကတည်းက ပျော်စရာမိသားစုလေးဆိုတော့ လူဦးရေပိုတိုးလေ ပျော်စရာတွေပိုများလေပါပဲ။

Happy – Cele Zone
Photo – Zarni Myo Nyunt

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Zarni Myo Nyunt