မက ဆယ်လီ သားကတစ်လီ သီချင်းနဲ့အမိုက်စား Tik Tok ဆော့ခဲ့တဲ့ ချာလီ

Posted on

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ အဆိုတော် ရွှေထူးရဲ့ မက ဆယ်လီ သားက တစ်လီဆိုတဲ့ တေးသီချင်းအသစ်လေးပဲဖြစ်ပါတယ် ။ သီချင်းထက် ရွှေထူးရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့သလို အကြိုက်တွေ့နေကြတဲ့ပရိသတ်တွေလည်း အများအပြားပါ ။

ရွှေထူးက ဒီ Music Video လေးကို တမူထူးခြားစွာနဲ့ အိန္ဒိယ ဝတ်စုံဝတ်ပြီး ကခဲ့တဲ့အတွက် ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားနေတယ်ဆိုရမှာပါ ။ လက်ရှိမှာတော့ ဒီသီချင်းလေးက tik tok ဆော့သူတွေကြားမှာ နာမည်ကြီးနေပြီး ပရိသတ် အချစ်တော် မော်ဒယ်လ်မင်းသားချောလေး ချာလီကလည်း အိန္ဒိယခေါင်းပေါင်းပေါင်းပြီး ရွှေထူးလို ကထားတဲ့ သူ့ရဲ့ Tik Tok လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

ချာလီရဲ့ ပရိသတ်တွေကတော့ အစက သီချင်းကိုပေါလို့မကြိုက်ပေမယ့် ခုတော့ အခေါက်ပေါင်မရေနိုင်ဘူး ကြည့်မိတယ် ဆိုတဲ့ မှတ်ချက်ကောင်းလေးတွေရေးသားထားကြတာတွေ့ရပါတယ် ။ ချာလီကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက်လည်း Tik Tok လေးကို ပြန်လည်ခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော် ။

Source : Charlie
Emily (Cele Zone )