အဆိုးဆုံးအချိန်တွေမှာဘေးမှာအမြဲရှိတဲ့ မေမေ့ကိုကျေးဇူတင်စကားဆိုလိုက်တဲ့ အိစိကွေး

Posted on

မေလ (၁၀) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမေများနေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ သားသမီးတွေတော်တေ်ာ များများက မိခင်တွေကို ကျေးဇူးတင်စကားလေးတွေရေးသားပြီးလူမှုကွန်ရက်စာမျက်နှာထက်မှာဖော်ပြခဲ့ကြပါတယ် ။ အနုပညာရှင်တော်တော်များများကလည်း အမေများနေ့မှာ ချစ်ရတဲ့ မေမေ့အတွက် စာဖွဲ့မကုန်တဲ့ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ကြပါတယ် ။

ပရိသတ်အချစ်တော် မင်းသားချောလေး အိစိကွေးကတော့ ” အကောင်းဆုံးအချိန် ပျော်ရွှင်ရတဲ့အချိန် အောင်မြင်တဲ့အချိန် တွေမှာ သားနဲ့ အတူရယ်မောပျော်ရွှင်ခဲ့ပြီး အဆိုးဆုံးအချိန်တွေမှာ သားနဲ့အတူအမြဲရှိနေပေးတဲ့အတွက်ကျေးဇူးတင်တယ်။ ပွေ့ဖက်ခြင်း၊ အားပေးခြင်းနဲ့ သားကိုအမြဲတမ်းပေးတဲ့ချစ်ခြင်းမေတ္တာများအတွက်ကျေးဇူးတင်ပါတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ မိခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။

 

အိစိကတော့ သူ့ရဲ့ အနုပညာကြေးလေးနဲ့ မိခင်ဖြစ်သူအတွက် လက်ဆောင်လေးတွေ တတ်နိုင်သလောက်လေး ဝယ်ပေးတတ်သလို မိခင်ဖြစ်သူကို အရမ်းကိုချစ်တဲ့သားလေးတစ်ယောက်ပါ ပရိသတ်ကြီးရေ …။ မေမေ့ကိုသိတတ်ပြီး လိမ္မာတဲ့ အိစိလေး ဒီထက်မက အောင်မြင်ပါစေလို့ Cele Zone ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Eisi Kway
Emily (Cele Zone)