အနုပညာကြေးလေးနဲ့ အိမ်မှာဆွမ်းကပ်ကုသိုလ်ယူခဲ့တဲ့ နေဆန်း

Posted on

မွန်တိုင်းရင်းသားလေး နေဆန်းကတော့ ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း လူသိများလာခဲ့ တဲ့ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပဲဖြစ်ပါတယ် ။ သူရိုက်ကူးခဲ့တဲ့ ပညာပေး ဗီဒီယိုလေးတွေနဲ့ ဟာသ ဗီဒီယိုလေးတွေကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြလို့ အားပေးဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ် ။ အနယ်နယ် အရပ်ရပ်က နေဆန်းရဲ့ ဖန်တွေကလည်း နောက်ထပ် ဗီဒီယိုအသစ်တွေကို အမြဲစောင့်မျှော်ကြည့်ရှုနေခဲ့ကြတာပါ ။

ဒီအနုပညာအလုပ်တွေ မလုပ်ခင်က ဆံပင်ညှပ်ဆရာ တစ်ယောက်အဖြစ်ရပ်တည်ခဲ့တာဖြစ်ပြီး ဆိုင်သေးသေးလေးနဲ့ ဘဝစခဲ့ တယ် လို့လည်း သိရပါတယ် ။ အလုပ်ကြိုးစားသလို မိသားစုကိုလည်း အမြဲပြန်ကြည့်တတ်တဲ့ နေဆန်းကတော့ မိဘတွေ နေဖို့အတွက် အိမ်လေးတစ်လုံးကိုလည်း ကိုယ်ပိုင် အနုပညာကြေးလေးနဲ့ ဆောက်လုပ်နိုင်ခဲ့ပြီဖြစ်သလို ဒီနေ့မှာလည်း ယနေ့ နေအိမ်ကလေးမှာ ဆွမ်းကပ် ကုသိုလ်ယူ ဆိုတဲ့စာသားလေးနဲ့အတူ အိမ်မှာ ဆွမ်းကပ်ကုသိုလ်ယူခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ မိဘကိုသိတတ်ပြီး အလုပ်ကြိုးစားတဲ့နေဆန်းရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပြီး ကိုယ်ပိုင် အနုပညာကြေးလေးနဲ့ လှူနိုင်တန်းနိုင်နေပြီ ဖြစ်တဲ့ နေဆန်းကို ချီးကျူးစကားတွေ ပြောမကုန်နိုင်အောင်ဖြစ်နေကြပါတယ် ။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပြီနော် ။

Source : Nay Sann
Emily (Cele Zone)