အိမ်မှာလစဉ် မီတာခတွေတက်လာလို့ မီတာခ တွက်နည်းပြောင်းသွားပြီလားလို့ ပရိသတ်တွေကိုမေးလာတဲ့ နန်းစန္ဒာလှထွန်း

Posted on

ဧပြီလကနေစပြီး မီတာခ တွေတိုးလာတာနဲ့ ပတ်သက်လို့ ပြည်သူတွေကြားမှာ အငြင်းပွားစရာလေးတွေဖြစ်ပေါ်နေပါတယ် ။ ယူနစ် ၁၅၀ free unit နှုတ်ပီးတာတောင် အိမ်သုံးမီတာတွေက အရင်လတွေထက် ၂ ဆကျော်လောက်ကျသင့်နေခဲ့တာပါ ။ ပြည်သူတွေ ကလည်း မီတာခတွေ လစဉ်တိုးလာတဲ့အတွက် မကျေမနပ်ဖြစ်နေကြပြီ ဖြေရှင်းဖို့နည်းလမ်းလည်း မရှိဘူးဖြစ်နေခဲ့ကြပါတယ် ။


ပရိသတ်အချစ်တော် MRTV-4 မင်းသမီးလေး နန်းစန္ဒာလှထွန်းကလည်း ” မီတာခ တွက်တဲ့နည်းက ခုမှပြောင်းသွားတာလား ဟင် မသိလို့ … ပြောပြကြပါဦး .. အရင်ထဲက ဒီလိုပဲတွက်ပေးတာလား … အိမ်မှာ ပုံမှန်ဒီတိုင်းပဲကို လစဉ် ဆတိုးတက်လာလို့ ” ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားလာခဲ့ပါတယ် ။ MRTV-4 မင်းသမီးလေး သံသာမိုးသိမ့်က လည်း ဂျင်းတွေ ထန်းညက်တွေ သောက်နေရပြီလို့ ဝင်ရောက်မှတ်ချက်ပေးထားပါသေးတယ် ။

နန်းစန္ဒာလှထွန်းကတော့ သွေးတောင်တက်တယ် ဒါတောင် ကင်းလွတ်ခွင့်လျှော့ထားပေးလို့တော်သေးတယ် လို့ပြန်လည်ရေးသားထားပါတယ် ။ ဒီတစ်ခေါက်တော့ သေချာတိုက်ထားတယ် .. နောက်လစောင့်ကြည့်ရမှာပဲလို့လည်း ရေးသားထားတာတွေ့ရပါတယ် ။

Source : Nan Sandar Hla Tun
Emily (Cele Zone )