နာရေးကူညီမှုအသင်းအတွက် ရေကုသိုလ်လုပ်ပေးခဲ့တဲ့ အိချောပို

Posted on

ချစ်စရာအပြုံးလေးတွေနဲ့ မင်းသမီးအိချောပိုတစ်ယောက် တတ်နိုင်သမျှကာလဒါနလေးတွေ မကြာခဏဆိုသလို လုပ်တတ်သူ တစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း နာရေးကူညီမှုအသင်း အတွက် ရေကုသိုလ်လေးတွေ လှူတန်းခဲ့ပါတယ်။ ရေသန့် (၁၂) ဗူးပါ ကဒ် (၁၀၀) ကို လှူတန်း ပြီး ကုသိုလ်ယူခဲ့ပါတယ်။ ရုပ်လေးကလည်းချောသလို စေတနာလေးလည်းကောင်းတော့ ပိုပြီး ပြည့်စုံသွားတာ ပေါ့နော်။

ရုပ်ရှင်စက်အဖွဲ့သားတွေကိုလည်း လှူတန်းမှုတွေ မကြာခဏလုပ်တတ်သူလေးပါ။ ကိုယ့်အသိုင်းအဝိုင်းထဲက လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီတတ်တဲ့ စိတ်ထား လေးက ချစ်စရာကောင်းလွန်းပါတယ်။ သူမရဲ့လှုတန်းမှုကို နာရေးကူညီမှုအသင်း ရန်ကုန်က လူမှုကွန်ယက်ကနေတဆင့် ဝေမျှခဲ့ပါတယ်။

” ရုပ်ရှင်သရုပ်ဆောင် အိချောပိုမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက် ကူညီပေးလျက်ရှိသော နာကူ/ သီးသန့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအတွက် ရေသန့်ဗူးလတ် (၁၂) ဗူးပါ ကဒ် (၁၀၀) အား လာရောက် လှူဒါန်း ပေးခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကျေးဇူးတင်ရှိ ကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်။ ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Ei Chaw Po

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Ei Chaw Po