ပရိသတ်တွေရဲ့ အချစ်တော်လေး ချီချီ အထီးကျန်ရင် ဘာလုပ်သလဲ

Posted on

အနုပညာလောကမှာ ထူးခြားတဲ့ အရည်အချင်းတွေအပြည့်နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုင်ထားတဲ့ Beauty Bloggerမလေး နေခြည်ဦး ကိုပရိသတ်သိကြမှာပါ။ မိန်းကလေးတွေအားကျရတဲ့ အောင်မြင်တဲ့ Beauty Bloggerအဖြစ်ကနေ လက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီဖြစ်တဲ့ မင်းသမီးချောလေးအဖြစ်မြင်တွေ့ကြရမှာပါ။

ရည်မှန်းချက်တွေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း မြန်မာမိန်းကလေးငယ်လေးတွေကြားမှာ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် နာမည်ကြီးနေတဲ့ ချီချီက အရမ်းကို ချစ်စရာကောင်းပြီး အမာခံပရိသတ်တွေလည်း များစွာရှိတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့အတူ ရိုက်ကူးထားတဲ့ အခမ်းနားဆုံးမေတ္တာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပရိသတ်တွေမကြာခင်မှာကြည့်ရှူခံစားကြရတော့မှာပါ။

 

ယခင်ကလို မဟုတ်တော့ပဲ အလုပ်တွေအရမ်းကြိုးစားပြီး ပရိသတ်တွေအတွက် အကောင်းဆုံးနဲ့ အပီပြင်ဆုံး အိုက်တင်တွေကို ထုတ်ပြနိုင်ဖို့အတွက်ကြိုးစားနေတဲ့ ချီချီရဲ့ ပုံရိပ်တွေကိုလည်း ပရိတသ်တွေမြင်တွေ့ရမှာပါ။ ဘယ်လောက်အလုပ်များများ ပျော်ပျော်နေတတ်တဲ့ချီချီတစ်ယောက် တစ်ယောက်ထဲ အထီးကျန်နေတဲ့အချိန်တွေဘယ်လိုဖြတ်သန်းလဲ ဆိုတာ အခွီရိုက်ကူးထားတဲ့ Short Videoလေးကို တင်ပေးလိုက်ပါတယ်…ချစ်ပရိသတ်ကြီးရေ။

Source:Nay Chi Oo

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



