ကလေးတွေနဲ့ပျော်နေရင်း ကင်ဆာရောဂါဘယ်ရောက်သွားမှန်းမသိဘူးဆိုတဲ့ မီးမီးခဲ

Posted on

မီးမီးခဲတစ်ယောက် မိသားစုနဲ့အတူရှိနေရတဲ့ ခံစားချက်တွေကို ” ဆေးရုံပြန်ဆင်းလာတဲ့ရက် ကနေ ဒီနေ့ထိ ကလေးတွေနဲ့ဆော့ ဟင်းတွေချက်ညဆို သီချင်းဆိုကြ ကင်ဆာရောဂါ ဘယ်နား ရောက်မှန်းမသိ မိသားစုရဲ့အရိပ်ဆိုတာလေ လူကိုပြောင်းလဲစေနိုင်တာပါ ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက (၇) ကြိမ် ဓာတ်ကင်ခဲ့ရပါတယ် ကျွန်မတို့လိုနောက်ဆုံးအဆင့်ဝေဒနာရှင်တွေဆို ဆေးရုံကလဲ အရမ်း သနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ်။ ကျန်းမာရေး ဥပဒေ အရ ကိုယ်ရောဂါအခြေအနေကို မိသားစုတွေသိလား သင် သေရင်ရောဘာတွေလွှဲခဲ့ချင်လဲ (သေတမ်းစာ) တရားဝင်တွေမေးမြန်းကြ ရင်တွေဆိုနာတာပေါ့နော် ကျန်တဲ့ဘဝရက်တွေမှာ ဘာတွေ လုပ်သွားခဲ့ချင်လဲ လူမှုရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ ကျွန်မကတော့ ဘာအခွင့်အရေးမှလဲ မယူခဲ့သလို ပြုလုပ်သင့်ထိုက်တဲ့ အရာတွေကို တိုင်ပင် လိုက်ပါ့မယ်ဆိုပြီး ဆေးရုံပြန်ဆင်းခဲ့ပါတယ်. ”

” လိုအပ်တဲ့ဆေးဝါးကုန်ကျစရိတ်လျော့ပေါ့ဖို အတွက် အထူးကူညီကြတာ ကျေးဇူးတင်စရာပါ ကင်ဆာဆေးစက်ကြီးတွေနဲ့ ကုသရ တာကိုက ဝမ်းသာလှပါပြီလေနော် ကျွန်မရဲ့အရိုးမကောင်း တဲ့ပြသာနာအရတော့ ကျွန်မက ဒီ (၄ / ၅ / ၆ ) လအတွင်း wheelchair ကို အသုံးပြုသွားရမယ် လို့ပြောပေမဲ့ နဂိုကမှ super mommy ဆိုတော့ကာ ဆေးရုံတတ်တဲ့နေ့ထဲက nurse အကူမယူဘဲ ကြိုးစားလမ်း လျှောက်ခဲ့ပါတယ် အခုလဲ ဖြေးဖြေးခြင်းစလျှောက်နိုင်နေ ပါပြီလို Disabled ထဲမှာ ကျွန်မလဲပါဝင်ပါတယ်လို့ဆရာဝန်တွေ ကောက်ချက် ကြတော့ ရင်တွေတောင်နာတယ် အမေမွေးတုန်းကအကောင်း ဒီကင်ဆာကြောင့်မှ ငါလေ့နှယ် ဆိုပြီး ခံစားခဲ့ရတာပေါ့… ”

 

” နောက်ထပ်တစ်ခါထပ်ပြီးမဖြစ်လာဖို ကို ဆရာဝန်တွေလဲဆုတောင်းပေးနေကြမှာပါတဲ့ Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှသိပ် မခံစားရပါဘူး ခြေထောက်ပေါင် အက်တဲ့နေရာ ဘယ်ဘက်ခါး နေရာ ညာဘက်နရိုးအောက်နေရာ ပြင်းထန်စွာပြုလုပ်ခဲ့ရပေမဲ့ ပြန်ရောက်တဲ့ တစ်ရက်တော့ ထမနိုင်ဘူး နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိုးတာနဲ့ မျောက်ရှုံး နှစ်ကောင်က တီတီတာတာ စိတ်ကြောင့်သာလျှင် အရာရာဟာ ပြီးပြည့်စုံလာရတာပါ To God Be The Glory ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Mee Mee Khel

(ဇော်ဂျီဖြင့်ဖတ်ရန်)




” နောက်ထပ်တစ်ခါထပ်ပြီးမဖြစ်လာဖို ကို ဆရာဝန်တွေလဲဆုတောင်းပေးနေကြမှာပါတဲ့ Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှသိပ်မခံစားရပါဘူး ခြေထောက်ပေါင် အက်တဲ့နေရာ ဘယ်ဘက်ခါး နေရာ ညာဘက်နရိုးအောက်နေရာ ပြင်းထန်စွာပြုလုပ်ခဲ့ရေ ပမဲ့ ပြန်ရောက်တဲ့ တစ်ရက်တော့ ထမနိုင်ဘူး နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိုးတာနဲ့ မျောက်ရှုံး နှစ်ကောင်က တီတီတာတာ..စိတ်ကြောင့်သာလျှင် အရာရာဟာ ပြီးပြည့်စုံလာရတာပါ To God Be The Glory ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Mee Mee Khel