{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589360626174","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589360616840","source":"other","origin":"unknown"}

အဖေဖြစ်သူက Studio ဇော်ဇော်နာမည်နဲ့ ခွေတစ်ခွေထွက်ဖူးကြောင်း ပရိသတ်တွေကို ပြောပြလာတဲ့ ယုန်လေး

Posted on

ယုန်လေးကတော့ အဆိုတော်၊ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ အောင်မြင်နေရုံသာမက ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးနေတာ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းတဲ့ ယုန်လေးက အလှူအတန်းနဲ့ပတ်သက်ရင် ရက်ရောသလို အများကိုလည်း ကူညီတတ်သူတစ်ယောက် ဖြစ်ပါတယ်။ 

လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ရုပ်ရှင်ဂီတဘက်ပေါင်းစုံမှာ ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ပရိသတ်တွေရင်ထဲက အသိမှတ်ပြုအားပေးခြင်းခံနေရတဲ့ ယုန်လေးကတော့ အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားပြီး သူပါဝင်သရုက်ဆောင်တဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့ ကြည့်ရှုအားပေးမှုကို ရရှိနေခဲ့ပါတယ်။


လတ်တလောမှာတော့ ဖခင်ဖြစ်သူက studio ဇော်ဇော်နာမည်နဲ့ ခွေတစ်ခွေထွက်ဖူးကြောင်းကို “အစ်မ တစ်ယောက် ပို့ပေးတာ  ရှားရှားပါးပါး အဖေ နဲ့  အမေပုံ တစ်ပုံထပ်ရ  ကျွန်တော့်အဖေက

 Studio ဇော်ဇော် နာမည် နဲ့ ခွေတစ်ခွေထွက်ဖူးပါတယ် 

ဦးစိန်ဝင်းထွန်း  ဦးဘိုဘိုဟန် တို့မြင်စေချင်တယ်  ဒီပုံလေးကို .

ကိုရွှေတိုးလည်း  မြင်စေချင်တယ် အမေကတော့  ခွေမထွက်ဖြစ်ပါဘူး ဝါသနာရှင်ပါပဲ ” ဆိုတဲ့စာလေးနဲ့ပြောပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ 


Alexus – Cele Zone

Photo – Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)








Alexus – Cele Zone

Photo – Yone Lay