{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589356517266","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589356499639","source":"other","origin":"unknown"}

အခါခါပြန်ကြည့်ချင်လောက်အောင် ဆွဲဆောင်မှုရှိရှိ မိမိုက်လွန်းနေတဲ့ ပက်ထရစ်ရှာရဲ့ ဗီဒီယိုဖိုင်လေး

Posted on

မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ပက်ထရစ်ရှာက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် ပက်ထရစ်ရှာက အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။

ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ ရှာရှာက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေနဲ့ အမြဲတမ်းအထာကျနေတတ်သူ ဖြစ်ပါတယ်။သူမကတော့ မော်ဒယ်တစ်ယောက်ပီပီ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားပြေပြစ်ပြီး လှပတဲ့ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ရှာရှာကတော့ သူရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မကြာခဏဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ချစ်စရာဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကိုသူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ရှာရှာတစ်ယောက် ချစ်စရာကောင်းလွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

Alexus – CeleZone

Photo – Sue Sha Naing 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – CeleZone

Photo – Sue Sha Naing