{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589351386109","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589351375027","source":"other","origin":"unknown"}

တစ်ခေတ်တစ်ခါက Miss Myanmar Gay ပြိုင်ပွဲဝင်ခဲ့တဲ့ ပုံရိပ်လေးတွေ တင်လိုက်တဲ့ ညီညီမောင်

Posted on

ပရိသတ်ကြီးရေ ညီညီမောင် (စမ်းချောင်း) ဆိုတဲ့ နာမည်နဲ့ အောင်မြင်ကျော်ကြားနေတဲ့ သူမကတော့ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သုသုလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြသလို ပျော်ပျော်နေတတ်တဲ့ သူမရဲ့စတိုင်ကြောင့် လူချစ်လူခင် ပေါများနေတာလည်း ဖြစ်ပါတယ်။ သုသုက သူမကိုအားပေးချစ်ခင်နေတဲ့ ပရိသတ်တွေအတွက်လည်း အခွီတလိုင်း ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပြီးတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

ပရိသတ်တွေရယ်မောပျော်ရွှင်စေတဲ့ ချစ်စရာကောင်းပြီး စိတ်ထားပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူများပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း တွေ့ရပါတယ်နော်။လတ်တလောမှာတော့ တစ်ခေတ်တစ်ခါက miss myanmar gay ပြိုင်ပွဲဝင်ခဲ့စဉ်က အမှတ်တရပုံလေးတွေကို ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။

သုသုကတော့ ခုရက်ပိုင်း အရင်ကပုံလေးတွေကို ပရိသတ်တွေတွက် မကြာခဏတင်ပေးနေတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် သုသုရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။သုသုလည်း ဒီထက်မ အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Nyi Nyi Maung 

(ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Nyi Nyi Maung