မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းဇာတ်ညွှန်း သာရေးနာရေးရန်ပုံငွေအတွက် သိန်း (၁၀၀) လှူတန်းခဲ့တဲ့ ပြေတီဦး

Posted on

လက်ရှိမှာ ထိပ်တန်းမင်းသားတစ်ဦးအဖြစ်ရပ်တည်နေတဲ့ ပြေတီဦးတစ်ယောက် ရုပ်ရှင်အစည်းအရုံးက ဇာတ်လမ်းဇာတ်ညွှန်း သာရေး နာရေးရန်ပုံငွေအတွက် ငွေကျပ် သိန်း (၁၀၀) လှူတန်းခဲ့တဲ့အကြောင်းကို ရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ကိုယ်ဝါသနာပါပြီး ချစ်မြတ်နိုးတဲ့ အနုပညာအသိုင်းအဝန်းနဲ့ ပတ်သက်ရင် အနုပညာရှင်တိုင်းဟာ လက်မနှေးတတ် ပါဘူး။

ဒီတစ်ခေါက်မှာတော့ ဦးတီက ရက်ရက်ရောရောလှူတန်းပေးခဲ့တာပါ။ အလွှာစုံ နေထိုင်မှုအစုံနဲ့ အဆင်မပြေမှုပေါင်းစုံအတွက် ဒီရန်ပုံငွေတွေဟာ အထောက်အကူအများကြီးဖြစ်လာမှာပါ။ ဇာတ်လမ်းဇာတ်ညွှန်းဆိုတာလည်း ရုပ်ရှင်တစ်ခုရဲ့ အသက်သွေးကြောပါပဲ။ ကောင်းမွန်တဲ့ ဇာတ်လမ်းနဲ့ ပြည့်စုံတဲ့ဇာတ်ညွှန်းတစ်ခုဟာ ကြည့်ရှုသူတိုင်းရဲ့ နှလုံးသားထဲကို ထိထိမိမိ ဝင်ရောက်နိုင်ပါတယ်။

ပြေတီဦးရဲ့လှူတန်းမှုကို ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းဇာတ်ညွှန်း သာရေးနာရေး ရံပုံငွေအတွက် မင်းသားပြေတီဦးက သိန်း (၁၀၀) လှူဒါန်းပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်း သာရေး နာရေးရံပုံငွေ “ဇီးရိုးနဲဟီးရိုး ” ရုပ်ရှင်ကားကြီးရိုက်ကူးစဉ်က ဖြစ်ပါ တယ်။ဇာတ်လမ်းဇာတ်ညွှန်း သာရေးနာရေးရံပုံငွေအတွက် အဖွဲ့ဝင်တွေကို တစ်လတစ်ထောင်ကျပ်ပဲကောက်ခံတာမို့ အင်အားနည်းပါ တယ်။ ခုလိုလှူဒါန်းတဲ့အတွက် အဖွဲ့ဝင်တွေရဲ့သာရေးနာရေးကိစ္စတွေမှာ ထောက်ပံ့နိုင်ပါတယ်။ ဆေးရုံတက်ရင် ငါးသောင်းကျပ် ကွယ်လွန်ရင် တစ်သိန်းကျပ် ထောက်ပံ တာ ဆေးရုံတက်တဲ့လူ (၁၁) ဦး ကွယ်လွန်သူ (၅) ဦးထောက်ပံ့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကလည်း ဆေးရုံတက်ရင် တစ်သိန်း ကွယ်လွန်ရင် တစ်သိန်းခွဲ ထောက်ပံ့ပါတယ်။ Covid19. ကာလမှာဆန်ဆီလူ (၆၀) စာ တစ်ကြိမ်ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်ညွှန်းသာရေးနာရေးအဖွဲ့လှူဒါန်းသူအားလုံး အထူးလှိုက်လှဲစွာကျေးဇူးတင်ပါ တယ်။ ” ဆိုပြီး အဖွဲ့ဝင် ဦးအေးကြူက ဝေမျှပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – U Aye Kyu Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဇာတ္လမ္းဇာတ္ၫႊန္း သာေရးနာေရးရန္ပုံေငြအတြက္ သိန္း (၁၀၀) လႉတန္းခဲ့တဲ့ ေျပတီဦး

လက္ရွိမွာ ထိပ္တန္းမင္းသားတစ္ဦးအျဖစ္ရပ္တည္ေနတဲ့ ေျပတီဦးတစ္ေယာက္ ႐ုပ္ရွင္အစည္းအ႐ုံးက ဇာတ္လမ္းဇာတ္ၫႊန္း သာေရး နာေရးရန္ပုံေငြအတြက္ ေငြက်ပ္ သိန္း (၁၀၀) လႉတန္းခဲ့တဲ့အေၾကာင္းကို ႐ုပ္ရွင္အစည္းအ႐ုံးက အဖြဲ႕ဝင္တစ္ဦးက လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ ကိုယ္ဝါသနာပါၿပီး ခ်စ္ျမတ္ႏိုးတဲ့ အႏုပညာအသိုင္းအဝန္းနဲ႔ ပတ္သက္ရင္ အႏုပညာရွင္တိုင္းဟာ လက္မေႏွး တတ္ပါဘူး။

ဒီတစ္ေခါက္မွာေတာ့ ဦးတီက ရက္ရက္ေရာေရာလႉတန္းေပးခဲ့တာပါ။ အလႊာစုံ ေနထိုင္မႈအစုံနဲ႔ အဆင္မေျပမႈေပါင္းစုံ အတြက္ ဒီရန္ပုံေငြေတြဟာ အေထာက္အကူအမ်ားႀကီးျဖစ္လာမွာပါ။ ဇာတ္လမ္းဇာတ္ၫႊန္းဆိုတာလည္း ႐ုပ္ရွင္တစ္ခုရဲ႕ အသက္ေသြး ေၾကာပါပဲ။ ေကာင္းမြန္တဲ့ ဇာတ္လမ္းနဲ႔ ျပည့္စုံတဲ့ဇာတ္ၫႊန္းတစ္ခုဟာ ၾကည့္ရႈသူတိုင္းရဲ႕ ႏွလုံးသားထဲကို ထိထိမိမိ ဝင္ေရာက္ႏိုင္ပါတယ္။

ေျပတီဦးရဲ႕လႉတန္းမႈကို ” ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဇာတ္လမ္းဇာတ္ၫႊန္း သာေရးနာေရး ရံပုံေငြအတြက္ မင္းသား ေျပတီဦးကသိန္း၁၀၀လႉဒါန္းပါတယ္။ ဇာတ္လမ္းဇာတ္ၫႊန္း သာေရး နာေရးရံပုံေငြ “ဇီး႐ိုးနဲဟီး႐ိုး ” ႐ုပ္ရွင္ကားႀကီး႐ိုက္ကူးစဥ္ကျ ဖစ္ပါတယ္။ဇာတ္လမ္းဇာတ္ညႊန္း သာေရးနာေရးရံပုံေငြအတြက္ အဖြဲ႕ဝင္ေတြကို တစ္လတစ္ေထာင္က်ပ္ပဲေကာက္ခံတာမို႔ အင္အားနည္းပါတယ္။ ခုလိုလႉဒါန္းတဲ့အတြက္ အဖြဲ႕ဝင္ေတြရဲ႕သာေရးနာေရးကိစၥေတြမွာ ေထာက္ပံ့ႏိုင္ပါတယ္။ ေဆး႐ုံ တက္ရင္ ငါးေသာင္းက်ပ္ ကြယ္လြန္ရင္ တစ္သိန္းက်ပ္ ေထာက္ပံ တာ ေဆး႐ုံတက္တဲ့လူ (၁၁) ဦး ကြယ္လြန္သူ (၅) ဦးေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးကလည္း ေဆး႐ုံတက္ရင္ တစ္သိန္း ကြယ္လြန္ရင္ တစ္သိန္းခြဲ ေထာက္ပံ့ပါတယ္။ Covid19. ကာလမွာဆန္ဆီလူ (၆၀) စာ တစ္ႀကိမ္ေထာက္ပံ့ခဲ့ၿပီးျဖစ္ပါတယ္။ ဇာတ္လမ္း ဇာတ္ၫႊန္းသာေရးနာေရးအဖြဲ႕လႉဒါန္းသူအားလုံး အထူးလႈိက္ လွဲ စြာေက်းဇူးတင္ပါတယ္။ ” ဆိုၿပီး အဖြဲ႕ဝင္ ဦးေအးၾကဴက ေဝမွ်ေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – U Aye Kyu Lay