{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589340145738","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1589340116680","source":"other","origin":"unknown"}

ကိုလူချောအဖွဲ့ဝင်များနဲ့ လူကြမ်းသရုပ်ဆောင်များကို ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

Posted on

သရုပ်ဆောင် မင်းသားချော နေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လတ်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသူပဲ ဖြစ်ပါတယ်။ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီသတဲ့နေတိုးက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲချစ်ခင်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ နေတိုးက တကယ့်ကိုလူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်များစွာ ရိုက်ကူးနေရသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရသလို လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ပြီး အမျိုးသားပရိသတ်တွေကိုပါအခိုင်အမာရရှိထားတဲ့ အကယ်ဒမီနေတိုးဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူးနော်။

လတ်တလောမှာတော့ ကိုလူချောအဖွဲ့ဝင်များနဲ့ လူကြမ်းသရုပ်ဆောင်များကို ငွေကျပ် ဆယ်သိန်းလှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ အလှူဒါန်းတွေ အမြဲဆိုသလိုလုပ်တတ်တဲ့ နေတိုးရဲ့ စိတ်လေးကတော့ တကယ်ကို လေးစားစရာကောင်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။နေတိုးလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.။

Alexus – Cele Zone

Photo – Wahwah Aung

( ဇော်ဂျီဖြင့်ဖတ်ရန်)





Alexus – Cele Zone

Photo – Wahwah Aung