ဆံပင်တစ်ခါမှ မညှပ်ပေးဖူးဘဲ လက်စွမ်းပြလိုက်တဲ့ စိုးပြည့်သဇင်

Posted on

ဟင်းချက်ဝါသနာပါပြီး အိမ်မှာ အမြဲ ဟင်းတွေ တစ်မျိုးပြီး တစ်မျိုးလက်စွမ်းပြနေတဲ့ စိုးပြည့်ကတော့ ဒီတစ်ခါ နောက်ထပ် တစ်ခုကို လက်စွမ်းပြလိုက်ပြန်ပါပြီပရိသတ်ကြီးရေ ..။ အိမ်ကကောင်မလေးကို လက်စွမ်းပြပြီး ဆံပင်ညှပ်ပေးလိုက်ပြန်ပါပြီနော် ..။

မမ..သမီးဆံပင်ညှပ်ချင်လို့ လို့ပြောလာတဲ့ အိမ်က ကောင်မလေးကို ” အမကိုယုံလို့လား မညှပ်ဖူးဘူးနော် ဟုတ်ရတယ် သမီးပူလို့တိုတိုလေးညှပ်ချင်တယ်တဲ့..အေးအေးဆိုပြီး တုန်တုန်ရီရီနဲ့ညှပ်ရတာပေါ့. .ညှပ်နေရင်းအားပေးစကားတော့ ပြောရ သေးတယ်…သမီးမပူနဲ့ပုံတော်တော်ပျက်သွားရင်အမကတုံးတုံးပေးမယ်…ညှပ်ခိုင်းတဲ့သူတော့ကျောချမ်းသွားမလားမသိဘူး..ဘာဘဲဖြစ်ဖြစ်ခုလိုတခါမှမညှပ်ဖူးတဲ့သူကိုယုံယုံကြည်ကြည်ညှပ်ခိုင်းတဲ့ညီမငယ်ကိုကြိုးစားပြီးညှပ်ပေးလိုက်ပါတယ်..” ဆိုတဲ့ စာသား လေးနဲ့အတူ သူမလက်စွမ်းပြပြီး ကြိုးစားထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

သူမရဲ့ ပရိသတ်တွေကတေ့ာ ဟင်းချက်တော်လို့ချီးကျူးလို့မပြီးသေးဘူး နောက်ထပ်တစ်ခု ချီးကျူးစရာထပ်တိုးလာပြန်ပြီဆိုတဲ့ မှတ်ချက်လေးတွေနဲ့ဝန်းရံအားပေးနေကြပြန်ပါပြီနော် ..။ တစ်ခါမှမညှပ်ဖူးပေမယ့် သေချာလေး သပ်သပ်ရပ်ရပ်နဲ့ ပုံကျအောင် ညှပ်ပေးနိုင်တဲ့ စိုးပြည့်လေးကတော့ တကယ်ကို ပါရမီရှင်လေးပါပဲ ပရိသတ်ကြီးရေ..။

Source : Soe Pyae Thazin
Emily (Cele Zone )